မာနလေးတော့ ထားခွင့်ပြုပ

Words
45
Reading
1 min
Listen
Play
8y

~လူတစ်​​ယောက် အရမ်းတည်​ငြိမ်​သွားရင်
မာနကြီးတယ်​လို့ မြင်​ကြတယ်

~လူတစ်​​ယောက်​ အရမ်းထက်​မြက်​သွားရင်
ဘ၀င်​မြင့်​လိုက်​တာလို့ ထင်​ကြတယ်

~လူတစ်​​ယောက်​ အရမ်းပြတ်​သားသွားရင်
ရက်​စက်​လိုက်​တာလို့ ထင်​ကြတယ်

~ဒီလိုတည်​ငြိမ်​ရင့်​ကျက်​သွားဖို့
နာကျင်​မှု​တွေနဲ့ ရင်းနှီးခဲ့ရတယ်​ဆိုတာ
သူတို့်မသိခဲ့ကြဘူး

~ဒီလိုထက်​မြက်​သွားဖို့
 နောက်​​ကျောကိုဓားနဲ့ထိုးခဲ့တဲ့
လူတစ်​ချို့​ကြောင့်​လို့ သူတို့မသိခဲ့ကြဘူး

~ဒီလိုပြတ်​သားသွားဖို့
လူတစ်​ချို့ရဲ့သင်​ခန်းစာကို
ရရှိတာ​ကြောင့်​လို့သူတို့ မသိခဲ့ကြဘူး

~လူတစ်​ချို့က
ကိုယ်​​အော်​တာပဲကြားတယ်
ကိုယ့်​ကိုတိုက်​ခိုက်​ခံ​နေရတာကို မသိခဲ့ကြဘူး

~ဒီလိုလူ​တွေကြားမှာ
လူတစ်​​ယောက်​ဂုဏ်​သိက္ခာရှိစွာ
ရပ်​တည်​နိုင်​ဖို့ မာန​လေး​တော့ ထားခွင့်​ပြုပါ

~ဆိုးဝါးတဲ့အတိတ်​ဆိုး​တွေအတွက်
ရင့်​ကျက်​ ခြင်းတစ်​ခုရဖို့
မာန​လေး​တော့ ထားခွင့်​ပြုပါ

~​ ပေးဆပ်​ခဲ့ရသ​လောက်​မတန်​တဲ့
မညီမျှတဲ့အရင်းအနှီး​တွေအတွက်
မာန​လေး​တော့ ထားခွင့်​ပြုပါ
image
photo-google

မာနလေးတော့ ထားခွင့်ပြုပ | Ecency