လူပျိုကြီးလုပ်ရတဲ့အကြောင်းရင်းက
အခုလို တချို့က ဆိုပြန်ရော~ ~
လူပျိုကြီးဆိုတာ …
သော့ခလောက်တိုင်းကို
ဖွင့်ခွင့်ရှိတဲ့ …
မာစတာကီးဆိုတာ
ဘယ်သူမှငြင်းလို့မရဘူး …
မှောက်ထားတဲ့ ဖဲချပ်လိုပဲ …
လူတိုင်းက စိတ်ဝင်စားနေကြတာ …
လူပျိုကြီးဆိုတာ …
အရာမယွင်းသေးတဲ့
ပတ္တမြားတစ်လုံးပဲ …
ဒါကိုသိလို့ ကိုကိုမြင့်က
လူပျိုကြီးလုပ်ခဲ့တာဖြစ်တယ် …
မိန်းမယူတယ်ဆိုတာက …
ကြက်တူရွေးတစ်ကောင်
မွေးလိုက်တာ …
မြွေပွေးကို ခါးပိုက်ပိုက်လိုက်တာ …
လွပ်လပ်ခွင့်ကို
စစ်တပ်ကိုအပ်လိုက်တာ …
တကယ်တော့ အာဏာရှင်ကို
အုပ်ချုပ်ခွင့်ပေးလိုက်တာနဲ့တူတူပဲ …
လက်ထပ်စာချုပ်ဆိုတာကျတော့ …
လက်နက်ချကြောင်း
သဘောတူညီမှုစာချုပ်
ချုပ်လိုက်တာ …တနည်းအားဖြင့် …
ရန်သူကို သေနတ်နဲ့
ချိန်ခွင့်ပေးလိုက်တာ …
နောက်ပြီး လူပျိုကြီးဆိုတာ …
အိမ်ထောင်သည်တွေလို …
ကိုယ့်ပိုက်ဆံကိုယ်
ခိုးသုံးစရာမလိုဘူး …
ကိုယ့်အလုပ်ချိန်ကိုယ်
လိမ်ပြောစရာမလိုဘူး …
အိမ်ထောင်သည်ဆိုတာမျိုးက …
ချိန်ကိုက်ဗုံးတစ်လုံးကို
ရင်ခွင်ပိုက်ထားရတဲ့သူနဲ့တူပြီး …
လူပျိုကြီးကျတော့ …
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနဲ့
တူတယ် …
ဆေးပေးမီးယူတဲ့ …
ဆေးခတ် မီးရှို့သွားရင်ရော ??
မိန်းမတိုင်းမြတ်နေရင် …
စူဠသုဘဒ္ဒါဆိုတာ
ရှိလာမှာမဟုတ်ဘူး …
ဒါကြောင့် လူပျိုကြီးဆိုတာ …
လွပ်လပ်ခြင်းကို
ကန့်သတ်မခံရတဲ့သူ …
အိမ်ပြန်ချိန်တွေကို
ပေတံမတားခံရတဲ့သူ …
လခကို စိတ်ကြိုက်သုံးစွဲခွင့်ရှိသူ …
အပျိုလေးတွေရဲ့ စိတ်ကူးပန်းချီ …
အပျိုကြီးတွေရဲ့ မျှော်လင့်ချက် …
လူပျိုလေးတွေရဲ့ အတုယူစရာ …
အိမ်ထောင်သည်တွေရဲ့
မနာလိုခံရသူ …
ပြောမယ့်သာပြောတာ …
လူမိုက်တွေများတဲ့ခေတ်မှာ
လူလိမ္မာ(လူနည်းစု) တွေပဲ
အိမ်ထောင်မပြုသင့်မှန်း
သိကြတာပါလေ …
...........
photo google