ကိုခန့်. အကြောင်း အပိုင်း(၁)

Words
164
Reading
1 min
Listen
Play
8y

တခါတုန်းက ရွာတစ်ရွာမယ် အဖေနဲ့ အမေကို တအားကြောက်ရတဲ့ သားလူပျိုကြီး ကိုခန့် တစ်ယောက်ရှိတယ်တဲ့။
ကိုခန့် ကို သူ၏မိဘများက တအားချစ်ကြလေသည်။ ကိုခန့်သည် အငယ်ကတည်း ကျောင်းမသွားခင် မိခင်ကို ကူလုပ်ပေးတတ်လေသည်။ မိခင် ထမင်းချက်တဲ့ နေရာတိုင်းမယ် လိုအပ်တာမှန်သမျှ ပေါ့ပေါ့ပါးပါး သွတ်သွတ် လက်လက် ကူလုပ်ပေးသူဖြစ်လေတော့သည်။ ဖခင် အဖေသည် ရုံးဝန်ထမ်းတစ်ဦးဖြစ်လေသည်။
ကိုခန့် ရဲ့ မိခင်ဟာ မနက်လင်းတာနဲ့ သူ့သား ကျောင်းတွင် စားဖို့ ထမင်းချိုင့်ထည့်ပေးခြင်းနှင့် ယောက်ျားဖြစ်သူ ရုံးမယ် စားဖို့ ထမင်းချိုင့် နေ့စဉ်ထည့်ပေးရသူဖြစ်လေတော့သည်။ ကိုခန့်ရဲ့ ဖခင်ဟာ နာမည်က ကိုတုတ် ဖြစ်လေသည်။ ဝ လဲ ဝသည် အရပ်လည်း ၆ပေခန့်မလို့ ရုံးကလူအများက ကိုတုတ်ကို ကွယ်ရာတွင်တုတ်ရှည်လို့ စကြနောက်ကြ ခေါ်ကြလေတော့သည်။ ရုံးမယ်က ကိုတုတ်(၂) ယောက်ဖြစ်နေသည်။ တခြား ကိုတုတ်ဟာ ပိန်ပြီး အရပ်ပုလို့ ကိုတုတ်ပု လို့ ရုံးမိသားစုများက ခွဲခေါ်ကြလေတော့သည်။
ဒီလိုနဲ့ဘဲ နှစ်တွေကြာလာတော့ ကိုခန့် တစ်ယောက် အခြေခံကျောင်း (၁၀)တန်းအောင်လေတော့သည်။ (၁၀)တန်းကို ကိုခန့်က D 2ခုဖြင့် အောင်မြင်ခြင်းဖြစ်လေတော့သည်။ ဂုဏ်ထူးရဘာသာများကတော့ ထူးခြားနေပေသည်။ မြန်မာစာနှင့် အင်္ဂလိပ် စာ တို့ ဖြစ်နေလေတော့သည်။
ကိုခန့်မိဘများက သူ့သာုးဏ်ထူး ၂ဘာသာဖြင့် အောင်မြင်သည်ကို အထူးဝပြောတတ်လေသေ့ည်။မ်းသာ ကျေနပ်နေလေတော့သည်။အဖေအတွက် တစ်ဘာသာ
အမေအတွက် တစ်ဘာသာဆိုပြီး ချီးကျူး စကား တွေ့သူတိုင်း ဂုဏ်ယူစကားလိုက် ပြောပြီးပီတိဝေဖြာနေတော့သည်။

image

ရွာမယ် ကိုခန့်ကို တအားသဘောကြပြီး စိတ်ကြိုက် တဖက်သတ်ကြိုက်နေသော သူ မဖူးဝေ ရှိလေသည်။ မဖူးဝေသည် ကိုခန့်မိဘများကို တအားခင်ပြီး မိသားစုလို စကားပြောလေ့ရှိပေတော့သည်။ အရင်က ဆို ကိုခန့်အိမ်ကို သိပ်မလာပေ။
မဖူးဝေကို ကိုခန့် မခင်မှ ချွေးမ ဖမ်းထားသည်ကို ကိုခန့်တစ်ယောက် မသိသေးပေ။ ကိုခန့်ကတော့ ရည်းစားတောင် အခုချိန်ထိ မထားဘူးသေးပေ။ ကိုခန့်အမေက သူ့အဖေ မသိအောင် ချွေးမ ဖမ်းထားခြင်း ဖြစ်ပေသည်။
ကိုခန့်အဖေ ကိုတုက်ကလည်း ရုံးက သူ့သူငယ်ချင်း သမီးဖြင့် ကြိတ်ပြီး ချွေးမဖမ်းနေသေးသည်။

image
ကိုတုတ်ကြီးက သူ့သား ကိုခန့်ကို နန်းထိပ်ထားစံ နှင့် သဘောတူနေလေတော့သည်။ ကိုခန့်ကတော့ အဖေက မိတ်ဆက်ပေးလို့တမျိုး အမေက မိတ်ဆက်ပေးလို့ တဖုံ လုံမ၂ယောက်ကြား ဗျာများနေရပေဦးမည်။
အမေနှင့် အဖေကို ကြောက်ရသော ကိုခန့် တစ်ယောက်နော့ ကြည့်ပြီး အိပ်မပျော်ရှာပေတော့သည်။
photo-google

ကိုခန့်. အကြောင်း အပိုင်း(၁) | Ecency