ကျိကျိတက်ချမ်းသာကြတဲ့.....လူတချို့
လူလူချင်းကိုဆက်ဆံတာသိပ်မောက်မာကြတယ်
ပိုက်ဆံချမ်းသာတယ်ဆိုပြီးလူကိုလူလို့ကို
မမြင်ကြတော့ဘူးလားမသိ
အလုပ်သမားတွေကိုခိုင်းတာကအစ
ဘေးကနားထောင်မိတဲ့လူတောင်စိတ်မချမ်းသာဘူး
သြော်....ဒီလိုစိတ်ကောင်းမရှိတဲ့လူတွေကြတော့
ဘာကြောင့်များ..... ကျိကျိတက်ချမ်းသာနေကြပါလိမ့် ။
အဖြေကတော့ရှင်းပါတယ်....။
အရင်ဘ၀ကသူတို့တွေဟာ...
ကောင်းမှု့ကုသိုလ်တွေ အများကြီးလုပ်ခဲ့ကြလို့ပေါ့။
အရင်ဘ၀ကကောင်းကျိုးတွေကို.....
ဒီဘ၀မှာပြန်ခံစား...စံစားနေကြရတာပါ။
ဒီဘ၀မှာစိတ်ကောင်းရှိခြင်း/မရှိခြင်းကိုလဲ
သူတို့...တနေ့.... ပြန်ခံစားကြရမှာပါပဲ။
အဓိက..ကတော့....
အတိတ်ကကုသိုလ်ကောင်းမှု့တွေကြောင့်
ဒီဘ၀မှာ ချမ်းချမ်းသာသာနေကြရတာပါပဲ။
သူတို့ကိုကြည့်ပြီး....
ကိုယ်ကိုယ်တိုင် သတိ သံဝေဂ ရမိတယ်
အရင်ဘ၀တုန်းကသူတို့လို... ကောင်းမှု့ကုသိုလ်
တွေမလုပ်ခဲ့တော့...ဒီဘ၀မှာ...
သူတို့လိုမချမ်းသာရဘူးလေ။
ဒါဟာ...ဘယ်သူမှငြင်းလို့မရတဲ့
အမှန်တရားတခုပါ။
လူတွေရဲ့ကံကြမ္မာကို..ဘယ်လိုမှ...
မနာလိုဖြစ်စရာအကြောင်းလဲမရှိသင့်ပါ
သူတို့်ကုသိုလ်ကံကြောင့်သူတို့ချမ်းသာနေကြတာပါ။
လူတစ်ဦးတစ်ယောက်ရဲ့ပါရမီကိုလဲ အနိုင်ယူ
ဝန်တိုစရာလဲမလို
"ပါရမီ"ဆိုတာ..
ဘ၀အဆက်ဆက်ကကုသိုလ်
ကောင်းမှု့တွေကြောင့်ဖြစ်တည်လာရခြင်းသဘောပါ။
ဒီဘ၀မှာ...စိုးရိမ်ကြောင့်ကြနေရခြင်း
ကိုယ်စိတ်နှလုံးဆင်းရဲနေရခြင်းတွေဟာလည်း
အရင်ဘ၀က..မိမိပြုခဲ့တဲ့..အကုသိုလ်တွေရဲ့
ပြန်လည်အကျိုးသက်ရောက်မှု့တွေပါပဲ။
အရင်ဘ၀ရဲ့အကုသိုလ်တွေဖိစီးနှိပ်စက်နေတဲ့
အခါတိုင်း....စိတ်ကောင်းလေးထားပြီး
ကုသိုလ်ကောင်းမှု့လေးတွေကို
ကိုယ်တတ်နိုင်သလောက်လုပ်ပေးကြပါ။
အရင်ဘ၀ကြောင့်ဆိုးနေတဲ့ကံကြမ္မာကို
ဒီဘ၀မှာ...
ဘုရားတရားသံဃာ..ရတနာသုံးပါးကို
မမေ့မလျော့ပဲဦးထိပ်ထားရင်း.....
ကောင်းမှု့ကုသိုလ်များနှင့်သါ
အနိုင်ယူကျော်လွှားနိုင်ကြပါစေလို့။