သူ့နာမည် ကိုစိန်မောင်းပါ
သူကရန်ကုန်မြို့မှာ သုံးဘီးကားမောင်းပါတယ်
သူ့ကိုယ်ပိုင်ကားပေါ့
သူအမျိုးသမီးက
ဒေါ်သန်းသန်း လင်မယားနှစ်ယောက်ထဲ
သားသမီးမရှိပါဖူး…
ဒါမယ့်သူတို့
နှစ်ယောက်လုံးသဒ္ဒါတရားကောင်းကြပါတယ်
ရပ်ကွက်ထဲမှာ အကူညီလိုရင် လူအားငွေအား
တတ်နိုင်တာ လက်မနှေးတဲ့ သူတွေပါ
ကျမ္မာရေးမကောင်းလို့ ဆေးရုံ သွားတာ
မွေးလူနာဖြစ်ဖြစ် ကားခမယူပဲ လိုက်ပို့
တတ်တယ်
ကာယကံရှင်က အတင်းပေးမှယူပါတယ်
မတတ်နိုင်သူမျိုးကို မယူပါဘူး ဇနီးဖြစ်သူ
ကလည်း အဲ့ဒါကိုကျေနပ် နေတတ်သူပါ
စိတ်တူကိုယ်တူ
သဒ္ဒါတရားထက်သန်တဲ့လင်မယားပါပဲ
တနေ့ကိုစိန်မောင်ရဲ့
အကိုကမြိတ်မြို့ကနေကြေးနန်းစာ
ရောက်လာပါတယ်
ကြေးနန်းကတော့
ညီလေး
မင်းအဆင်မပြေဖူးလို့ အစ်ကိုကြားတယ်
မင်းက ကားသာမောင်းနေတာ
အလှူလုပ်နေတာကိုး
အဲ့တော့မြိတ်က ရန်ကုန်ကို
ကုန်ပစ္စည်း သယ်ပြီးအရောင်းအဝယ်လုပ်
မင်းရဲ့ကားနဲ့တောက မင်းမိန်းမအမွေရထားတဲ့
လယ်တွေခြံတွေရောင်းပြီး အရင်းအနှီးယူလာခဲ့
ကျန်တာကို မင်းမြိတ်ကိုရောက်မှ
ငါစီမံပေးမယ့် ဆိုတာနဲ့အစ်ကိုဖြစ်သူပြောတဲ့
အတိုင်းဆုံးဖြတ်လိုက်ကြတယ်
ကိုစိန်မောင်းသူ့ဇနီးနဲ့ တိုင်ပင်ပြီး
ရောင်းချလိုက်တာ ငွေသား
တစ်သိန်းစွန်းစွန်း ရလိုက်ပါတယ်
နောက်ဆုံး သူတို့လင်မယား
ချမ်းသာသမျှ ငွေထုပ်လေးပိုက်ပြီး
အစ်ကိုဖြစ်သူအမှာ အတိုင်းသူမြိတ်ကို
ထွက်လာခဲ့ပါတယ်
သူအကိုက
အဲ့ဒီ အချိန်မြိတ်မှာ စီးပွားရေးက
အဆင်ပြေနေသူ တစ်ယောက်ဖြစ်ပြီ
ချမ်းချမ်းသာသာ နေနိုင်သူတစ်ဦးပါ
ညီဖြစ်သူကိုလဲ ချမ်းသာစေချင်တာပေါ့ …
ကိုစိန်မောင်းဟာ
ငွေထုပ်နဲ့သင်္ဘောဆိပ်ကို
ရောက်တော့ နံနက်၅နာရီသာသာပဲရှိတယ်
သင်္ဘောက ခြောက်နာရီထွက်မှာ ဆိုတော့ …
အစာပြေ စားသောက်ရင်း
သင်္ဘောထွက်ချိန် စောင့်ဖို့အတွက်
့လဖက်ရည်ဆိုင်မှာ လဖက်ရည်
သောက်ရင်းခဏ ထိုင်နေလိုက်တယ်
လဖက်ရည်ဆိုင်ကလည်း
သင်္ဘောဆိပ်မှာ တဆိုင်ထဲဆိုတော့
ခုလိုအချိန်မှာ လူကကျပ်နေပါတယ်
အလွတ်စားပွဲမရှိပါဖူး…
လူတစ်ဦးထဲ ထိုင်နေ့တဲ့
စားပွဲဝိုင်းမှာ ခွင့်တောင်းပြီး ဝင်ထိုင်ရင်း
လဖက်ရည် သောက်နေလိုက်ပါတယ်…
သင်္ဘောထွက်ချိန် ကပ်တော့
စာပွဲထိုးကိုခေါ်ပြီး ကျသင့်ငွေရှင်းပါတယ်
သူနဲ့ရှေ့တည့်တည့်က
ထိုင်နေတဲ့လူရဲ့လဖက်ရည်ဖိုးပါရှင်း
ပေးလိုက်ပါတယ်
အဲ့ဒါနဲ့
သင်္ဘောထွက်တော့သူလည်း
လိုက်ပါလာခဲ့ပါတယ် နေ့လည်း
နှစ်နာရီလောက်ရောက်တော့ သင်္ဘောက
ရန်ကုန်မြို့နဲ့လှမ်းအဝေးသွားပြီဖြစ်၏
ထိုအချိန်မှာပဲ သင်္ဘောကို
စက်လှေတစီး ကပ်လာပြီး
မျက်နှာဖုန်းစွပ် လက်နက်ကိုင်
လူတစု တက်လာကြတယ်
ကိုစိန်မောင် တစ်ယောက်
အတော်တော်တုန်လှုပ်သွားပါတယ်
ဒမြတိုက်တာပဲ
ခက်ပြီသူ့အရင်းအနှီး
အတွက်ပိုင်ဆိုင်သမျှ တွေချရောင်းပြီး
လာတာ
ခုဒီငွေတွေသာ ပါသွားခဲ့ရင်တော့
သူ့အတွက်က မဟာဒုက္ခပဲလေအဲ့ဒီမှာ
င်္ဘောစီးခရီးသည်တွေကိုဒမြတွေက
ခရီးသည် တစ်ယောက်ပြီးတစ်ယောက်ဆီမှ
ရှိသမျှ သိမ်းယူလာခဲ့တာ … …
ကိုစိန်မောင်း အလှည့်ရောက်တော့
သူ့ကျစ်ကျစ် ဆုပ်ထားတဲ့ လွယ်အိပ်
ကလေးကိုဒမြ တစ်ယောက်မှာ
ဆတ်ခနဲ့ဆွဲယူလိုက်ပါတယ်
အဲ့အချိန်မှာ သူအိတ်ကိုဆွဲယူတဲ့
ဒမြဟာ … … ဖေါင်းခနဲ ဇက်ပိုးကို
အရိုက်ခံရပြီး သူ့ရှေ့ငိုက်ခနဲ့ကျလာပါတယ်
တဆက်ထဲမှာပဲ … …ထိုဒမြအား
ဟေ့ကောင် … … …
အဲ့လွယ်အိတ်ပြန်ပေးလိုက် ဘာမှမယူနဲ့
ဆိုတဲ့ အသံကြားလိုက်ရတယ်
အရိုက်ခံရတဲ ဒမြက ဟုတ်ကဲ့လို့
စကားတလုံးဘဲ ပြောပြီး ကိုစိန်မောင်း
ပစ္စည်းတွေကို အကုန်ပြန်ပေးပြီးကျန်းတဲ့
သူတွေဆီကပစ္စည်းယူ ဖို့ထွက်သွားပါတယ်
ကျန်ခဲ့တဲ့ဒမြ ခေါင်းဆောင်က
မိတ်ဆွေ
ကျနော့်ကိုသိသလားဆိုပြီးတော့…
မျက်နှာက အဝတ်စီးကို
ဖြေပြလိုက်တော့မှ သင်္ဘောဆိပ်မှာ
သူလဖက်ရည်ဖိုးရှင်းပေးခဲ့တဲ့ သူဖြစ်နေပါတယ်…
ကျုပ်ကဒမြခေါင်းဆောင်ပါ
မိတ်ဆွေနာမည်တော့ မပြောပြတော့ပါဖူးဗျာ
ဒါမယ့်
မိတ်ဆွေစီးမယ့် သင်္ဘောကိုဒမြတိုက်ဖို့
ကမ်းနားက လ ဖက်ရည်ဆိုင်ကနေပြီး
အခြေအနေ လေ့လာနေတာပါ…
မိတ်ဆွေမှာ
ငွေတွေပါတာက အစကျုပ်သိပါတယ်
ဒါမယ့် ဒီနေ့မိတ်ဆွေက ကိုယ်နဲ့မသိတဲ့
သူကိုအယုတ်အလတ် အမြတ်မရွေးဘဲ
စေတနာသဒ္ဒါတရားနဲ့
ရှင်းခဲ့တဲ့ လဖက်ရည်ဖိုးရဲ့ ကျေးဇူးက
ကျနော့်မှာရှိနေပါတယ်
ကျနော်က
လူကောင်းမဟုတ်ပါဖူးဒါမယ့်
စကားပုံတခုလိုပေါ့ဗျာ…
- မိုက်ချင်သလောက်မိုက်ပါ
- ရိုင်းချင် သလောက်ရိုင်းပါ
- မယုတ်မာရဖူး ဆိုသလိုပေါ့ခင်ဗျာ
ကဲ့ကျနော့် အလုပ်လည်းပြီးသွားလို့
ခရီးဆက်ရအုံးမယ်ဗျာ
မိတ်ဆွေလည်း
လမ်းခရီးမှာဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေဗျာ
ကျုပ်ကိုသွားခွင့်ပြုပါဗျာ
လိုနုတ်ဆက်ထွက်ခွာသွားပါတယ်
………………………… …… … … … …
*စွမ်းပကားရှိသူတို့အတွက် လေးလန်သော
တာဝန် ဟူ၍မရှိ ။ ။
*ရောင်းဝယ်ဖေါက်ကား ခရီးသွားကုန်သည်
အတွက် ဝေးလံသောအရပ်ဒေသ ဟူသည်မရှိ။ ။
*ပညာရှိသူတို့ အတွက်မိမိဒေသ မဟုတ်သော
အခြားအရပ်ဟူ၍မရှိ။ ။
*ပီယဝါစာ ချိုသာစွာ ပြောသူတို့အတွက်
သူစိမ်းတရံ ဟူသည်မရှိ။ ။