ူ့မိန်းမဖြစ်သူအမြင်မှာ ကိုချစ်ပိုတစ်ယောက်ဟာ အေးလွန်းတယ်။
မနက် ရုံးသွား၊ ရုံးအဆင်း ကြက်တောင်ကလပ်မှာ ကြက်တောင် ဝင်ရိုက် အိမ်ပြန် ထမင်းစား အိပ် မနက်ရုံးသွား
ဒါနဲ့ပဲ သံသရာလည်နေတယ်။
တစ်နေ့တော့…
''ကိုချစ်ပို၊ ရှင့်မလဲ အေးလိုက်တာ၊ယောက်ကျားပီပီသသ ဘီယာလေးဘာလေး တစ်ခါတစ်လေ သောက်
စင်တင်လေး ဘာလေးသွား ကောင်မလေးတွေ သီချင်ဆိုတာတွေသွား ကြည့်ပါလား'' ဆိုတော့…
ကိုချစ်ပိုက..
''အိုကွာ မင်းသိသားနဲ့ ဒါတွေက ငါနဲ့ လားလားမှမအပ်စပ်
ပြဒါးတစ်လမ်း သံတစ်လမ်း ငါ့ဟာ ငါ အေးအေးနေပါရစေ။
မိန်းမလည်း ''မဖြစ်ချေ ဘူး၊ ဒင်းကိုငါကိုယ်တိုင် ပို့ပေးမှ''ဆိုပီး တစ်ညနေမှာတော့ ကိုချစ်ပိုကြက်တောင်ရိုက်အပြီးထိ စောင့်ပြီး ကြက်တောင်ကလပ်ဘေး ကပ်လျှက်က စင်တင်ဘီယာဆိုင်ကို ခေါ်သွားတယ်။
ထိုင်ရုံရှိသေး ဘာမှမမှာရသေး ဝိတ်တာ တစ်ယောက်က မြန်မာဘီယာတစ်လုံး တန်း လာချသွား တော့ ကိုချစ်ပိုက သူ့မိန်းမကိုပြောတယ်…
''ငါတို့ ကြက်တောင်ကလပ်က တစ်ခြားလူတွေ ဒီဆိုင်လာရင် မြန်မာဘီယာတစ်မျိုးပဲ သောက်ကြတယ် ပြောသံကြားဖူးတယ်
ငါ့လည်း ဒီကြက်တောင်ကလပ်ကပဲဆိုပီး မြန်မာဘီယာကို မမေးပဲ တန်းချသွားတာဖြစ်မယ်''တဲ့။
မကြာပါဘူး ကန်ဇွန်းပလိန်းတစ်ပွဲ တန်း လာချသွားပြန်ရော။
ကိုချစ်ပိုက ပြောပြန်ရော…
မြန်မာဘီယာကဒီဆိုင်မှာ promotionလုပ်နေတယ်ပြောတယ်
မြန်မာဘီယာ သောက်သူတိုင်းကို ကန်ဇွန်းပလိန်းတစ်ပွဲ
free ပေးတယ်လို့ ပြောတယ်၊ လက်စသပ်တော့ ကလပ်က ကောင်တွေ ဒီဆိုင်ပဲလာလာ နေကြတာ ဒါ့ကြောင့်ကိုး…
ဟား…ဟား…ဟား…''
သူ့မိန်းမကတော့ သိပ်မသင်္ကာတော့ဘူး။
ခဏနေတော့ စင်တင်စတိတ်ရှိုးက သီချင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ဝိုင်းနား ရောက်လာတယ်၊
ထိုင်နေတဲ့ ကိုချစ်ပိုကို ခုံအနောက်ကနေသိုင်းဖက်ပြီး…
''ကိုချစ်ပိုကြီး သမီးကို ပန်းကုံးမချတာ ၃ ရက်ရှိပီနော၊
ဒီနေ့တော့ သမီးကို ပန်းကုံး များများချရမယ်နော်
ဧည့်သည်လည်းပါးလို့ပါ… ခု ဘယ်ဆိုင်ကစော်ကြီး ခေါ်လာထိုင်တာတုန်း''ဆိုပြီး ကိုချစ်ပို ပါးကိုလိမ်ဆွဲကာ
ကော့ပတ် ကော့ပတ်နဲ့ ထွက်သွားကရော…။
မိန်းမလည်း ပေါက်ကွဲပြီး……
''လာစမ်း… သေနာ၊ ပြဒါးတစ်လမ်း သံတစ်လမ်းကြီး
အိမ်ကျမှ ကောင်းကောင်းသိမယ်'' ဆိုပြီး
ကိုချစ်ပိုကို နားရွက်က ဆွဲ ဆိုင်အရှေ့တွေ့တဲ့ taxi ကား ပေါ်တက်ပြီး တစ်လမ်းလုံး ဆဲဆိုလာတာကိုကြားတော့
taxi ဒရိုင်ဘာ က နောက်လှည့်ပြောတယ်။
''ကိုချစ်ပိုကြီး ဘယ်လိုဖြစ်တာလဲ…အရင်စော်တွေလို မဟုတ်ဘူး၊ ခင်ဗျား ဒီနေ့ မ, လာတဲ့ စော်ကြီးက ကြမ်းလိုက်တာ''တဲ့။
photo~google