ကြက်သားသုပ်လေးစားချင်လို့ဆိုပြီး ကြည့်မြင်တိုင်ညဈေးမှာ သွားဝယ်တော့ ဘေထုပ်တန်းကိုဖြတ်ရတယ်.....။
လာနော်....ကြိုက်တာရွေး.... ငါးရာ တစ်ထောင် ထောင့်ငါးရာ...
ညီလေး ဟိုဘက်ကအပုံ ဒီဘက်တိုးပေးကွာ....ရွေးရတာမမီလို့
ဈေးသည် ဈေးဝယ်တွေ ဆူညံနေတဲ့အသံကြားမှာ အသံတစ်သံကိုရင်းရင်းနှီးနှီးကြားဖူးပါတယ်ဆိုပြီး ကြည့်လိုက်တော့ ကနိုင်ယံ
ခေါ် Naing Yan ......
အံမယ်....ဒင်းက ဘေထုပ်ပုံရှေ့မှာ ကျကျနနဖင်ချထိုင်ပြီး မွှေနှောက်ရွေးနေတာ....။ ဒင်းပုံစံက ဖားကန့်က မြေစာပုံပေါ်မှာ အဖိုးတန်ကျောက် ရှာနေသလိုလို.... ဒင်ကျီးငှက်က ရေပြင်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ငါးရှာနေသလို.... သိန်းငှက်က မြေကြွက်ကို ထိုးသုတ်ဖို့အတွက် ဝဲပျံနေသလိုလို......
ဘေထုပ်ပုံကို စူးစူးစိုက်စိုက်နဲ့ ကြည့်ပြီး လက်ကလဲ ဖျတ်ကနဲ ဖျတ်ကနဲ ဘေထုပ်ပုံထဲက အထည်တွေ ဆွဲဆွဲထုတ်နေတာ ဘေးနားက အထည်ရွေးနေတဲ့မိန်းမကြီးတွေတောင် သူ့လောက်အမြင်မစူးရှ သူ့လောက် လက်မသွက်ဘူး....။
ဆယ်မိနစ်လောက်လဲ ကြာရော ...
ရော့ ညီလေး... ဒီသုံးထည် ဘယ်လောက်ကျလဲ....
မိန်းမဝတ်အင်္ကျီက ထောင့်ငါးရာ၊ ကလေးဝတ်နှစ်ထည်က တစ်ထောင်စီဆိုတော့ အားလုံး သုံးထောင့်ငါးရာအကို.....
အေး...အေး...ရော့ကွာ ပိုက်ဆံ... အကို့ကို သေချာလေးတော့ ခေါက်ပေးနော်....။
ပြောလဲပြီးရော ဒင်းက သူ့ဘေးအိတ်ကိုဖွင့်ပြီး တစုံတခုကိုထုတ်ပြီး ကုတ်ကုတ်ကုတ်ကုတ် လုပ်နေလို့ ဘာများလဲ အနားတိုးကြည့်လိုက်တော့.... လားလား..... ဈေးနှုန်းတိတ်အခွေပေါ်မှာ ဘောလ်ပင်နဲ့ ဈေးနှုန်းတွေရေးနေတာ.....။ ဈေးသည်ဆီက အက်ႌလဲရေရာ အက်ႌ ကုတ်ပိုးတံဆိပ်တွေပေါ်မှာ ဒင်းက ဈေးနှုန်းတွေကပ်လိုက်တာ...မိန်းမဝတ်အင်္ကျီကို တစ်သောင်းခွဲတဲ့... ကလေးအင်္ကျီကို တစ်သောင်း တဲ့..။
ပြီးပြီထင်တာ မပြီးသေးဘူး.....။
သူ့ဘေးအိတ်ထဲကနေ ကြွပ်ကြွပ်အိတ်တစ်လုံးဆွဲထုတ်ပြီး အင်္ကျီသုံးထည်ကို ရိုရိုသေသေ သပ်သပ်ရပ်ရပ်ထည့်လိုက်တယ်။ ကြွပ်ကြွပ်အိတ်ဘေးမှာ ရိုက်ထားတာက စိန်ဂေဟာ.....တဲ့။
အားလုံးပြီးတော့မှ အောင်ပွဲရစစ်သူကြီးတစ်ယောက်လို ရင်ကော့ပြီး လှည့်အထွက်မှာ ကျနော့ကိုတွေ့သွားပြီး မျက်နှာက YBS ပေါ် နှစ်ဆယ်တန်ထည့်စီးတာကို မိသွားတဲ့ခရီးသည်လို ချက်ချင်းပြောင်းသွားတယ်....။ ပြီးတော့ အသံတုန်တုန်နဲ့
... ကို .. ကို သန်းကျော်ရာ ... ငါ့မိန်းမဆန်စုနဲ့ ကလေးတွေအတွက် စိန်ဂေဟာက အင်္ကျီဝယ်လာပေးတယ်ဆိုပြီး ကေတီဗီဖိုးလေးကျန်အောင် လုပ်လိုက်ရတာပါကွာ... ဘယ်သူ့မှမပြောပါနဲ့နော်တဲ့.......။
ကျနော်ကလဲ ကတိတည်တယ်လေ...။
ခုချိန်ထိ ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောဘူး.........
ဟွန်း...ဟွန်း.....။
photo-google