Car advan and probox

Words
94
Reading
1 min
Listen
Play
8y

မိတ်ဆွေတယောက်က ကားရောင်းဖို့လာတိုင်ပင်တယ်.အကိုအဆင်ပြေရင် ယူမလား တဲ့
မင်းကားက ကောင်းလား မေးကြည့်တော့ အော်ဒါလိုက်စားတာ၃နှစ်ရှိပီ လူသာပြောင်းတာ ကားမပြောင်းဖူးမနားတမ်းခိုင်းထားတာတဲ့ လေ
ဒါဆို အောက်ပိုင်းအခြေအနေ မေးတော့ ဂလုန်း ကြုန်း အကုန်ြ မည်တယ်
တဲ့လေ....ဟင်...အင်ဂျင်ရောကောင်းသေးရဲ့လားကွာ ဆိုတော့ မိထ္ထီလာအသွားပြန်ဆို အင်ဂျင်ဝိုင် ၁လီတာတော့ဖြေ့ ရတာပေါ့ ပေပါဆီ ဆောင်ထားတယ်လေ တဲံ့
အော်...အတိုက်ခိုက်တော့ရှင်းတယ်လား... မေးတော့. တစီးလုံးဆေးသုပ်ထားပီးသား တဲ့
အမလေး မင်းကားက အင်ဂျင်အောက်ပိုင်း ဆေးဘော်ဒီ ဘယ်နေရာမှမလွတ်တာ ဘယ်လောက်ရောင်းချင်လဲ မေးတော့ ၁၄၀သိန်းတဲ့.
ဟာကွာ နွားကြီးကားလျော့တာ၁၄၀သိန်း မယူရဲပါဘူးကွာ လို့ပြန်ဖြေတော့
ဟုက်အကို ကျွန်တော်လဲ၁၄၀ရောင်းမဲ့ကား၁၄၂သိန်းလာပေးနေလို့ ကားဈေးများ တအားတတ်သွားလား အကို့ကိုတိုင်ပင်ရင်း မေးတာပါတဲ့.
ခုညနေအတွေ့ကြုံ လေး မျှဝေ တာပါလေ။
image

ကျွန်တော့အကြိုက်ကတော့ probox ဘဲဖြစ်တယ်။ တအားမာတာ။ ဘယ်လိုမောင်းမောင်း ရုန်းအား ဆွဲအားတအားကောင်းလေတော့သည်။ ဆီစားလည်း advan ထက် သက်သာပေသည်။ အောက်ပိုင်း တခါချိန်ထားရင် မေ့လောက်မှ ပြန်ချိန် ကွက်စတိ ဖြစ်လေတော့သည်။
ဘယ်နေရာသွားသွား အောက်ကမြင့်တော့ တောလမ်းတွေပိုအဆင်ပြေလေသည်။ advan ကတော့ တောလမ်းတွေ သွားရင် အိတ်ဇော တွေတိုက်ပြီး ပိန်လီနေတာ ဖြစ်နေပေတော့သည်။ မြို့ပေါ်ဆို advan က တအားညိမ့်ပြီး မောင်းကောင်းပါတယ်။ စတီယာတိုင် ပေါ့ပါးလေသည်။ ဘရိတ်System တအားကောင်းပေတော့သည်။ သူ့ အားသာချက် နှင့်သူ ကောင်းတာများရှိနေပေတော့သည်။

image

Car advan and probox | Ecency