ဘဝဆိုတာမယ်~ ~ ~

Words
121
Reading
1 min
Listen
Play
9y

image
ကိုယ့်ဘဝထဲကို ဝင်လာတဲ့ လူတိုင်းက ကိုယ်နဲ့အတူ
ဘဝကို ဆိုးတူကောင်းဖက်ဖြတ်သန်းရင်း
တစ်သက်လုံးနေထိုင်ဖို့ ဝင်လာတာ မဟုတ်ပါဘူး

ကိုယ့်ကိုချစ်တဲ့သူလည်း...ရှိမယ်
မုန်းတဲ့သူလည်း...တပုံတခေါင်းနဲ့.... ပေါ့

အပေါ်ယံ စိတ်ကစားပြီး
ခဏတာ အလည်လာတဲ့သူလည်း.ရှိမယ်

အချစ်ကို လက်တည့်စမ်းပြီး
အပျင်းပြေ လာတဲ့သူတွေလည်း ရှိမယ်

ကိုယ့်ကို လိုသုံးလို သဘောထားပြီး
ဝင်နားတဲ့ သူတွေလည်း ရှိမယ်

ကိုယ့်နှလုံးသားကို ကစားစရာလို သဘောထားပြီး
ခံစားချက်တွေလာပေးတဲ့ သူတွေလည်း ရှိမယ်

ဟန်ဆောင်ခြင်းကိုနှစ်သက်ပြီး လူကို ဓားစာခံလုပ်ကာ
ငိုတတ်အောင် သင်ပေသွားတဲ့ သူတွေလည်း ရှိမယ်

လူတိုင်းအပေါ်မယုံဖို့ကို သာဓကနဲ့တကွ
လှည့်ဖျားမှုဆန်ဆန်နဲ့ ပညာပြသွားတဲ့သူတွေလည်...ရှိမယ်

ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ယုတ်မာဖို့
အပြုံးတုတွေနဲ့ ဝင်လာတဲ့ သူတွေလည်း ရှိမယ်

ကိုယ့်ရဲ့သည်းခံမှုကို အသုံးချပြီး ပညားသားပါပါ
ကောက်ကျစ်သွားတဲ့ သူတွေလည်း ရှိမယ်...

ကိုယ့်ဘဝနဲ့ကိုယ် တတ်နိုင်သလောက်ချစ်ခဲ့ပေမဲ့
အလိုရမ္မက်တွေကြီးပီး..စွန်ပစ်သွားတဲ့ သူတွေလည်း ရှိမယ်..

လူတော်တော်များများကတော့
ကိုယ့်ဘဝထဲကို ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်နေကြမှာပါပဲ
ကိုယ့်ဘက်က လူတိုင်းအပေါ်မှာ စိတ်ရင်းနဲ့ မခံစားဖို့နဲ့
သံယောဇဉ် အရမ်းမကြီးဖို့ပဲလိုတယ်

အကြိမ်ကြိမ် ချိုးနှိမ်ခံရတာ များလာရင်
အမှတ်သည်းခြေ ရှိရပါ့မယ်

ကိုယ့်အပေါ် မကောင်းတဲ့သူကို
ပြတ်ပြတ်သားသားနဲ့ စွန့်လွှတ်နိုင်ရမယ်...

ကိုယ့်ကိုနာကျင်စေသူတွေကိုလည်း
မဖက်တွယ်မိအောင်..ဆင်ခြင်နိုင်ရမယ်

ကိုယ့်တန်ဖိုး.နားမလည်တဲ့သူတွေကို
အရမ်းကြီး မပေးဆပ်တော့ဘဲ.. နေတတ်ရမယ်

ဒါမှ
ကိုယ့်ဘဝထဲကို ပျော်ရွှင်စရာတွေ အလုံးအရင်းနဲ့
အလုအယက် ဝင်လာနိုင်မှာ....

တန်ဖိုးဆိုတာ မြတ်နိုးတတ်သူရဲ့ လက်ထဲမှာပဲ
ရှိနေသင့်တာပါ....!

ကိုယ့် စိတ်ခံစားမှုနောက်လိုက်ပြီး
မျက်ရည်လွယ်တာတွေ ရပ်လိုက်ပါတော့

တချို့လူတွေရဲ့ စွန့်ပစ်ထားခဲ့မှုက
ကိုယ့်ကို ပိုကောင်းတဲ့သူနဲ့ ဆုံစည်းစေတယ်..

မင်းအင်္ကျီရဲ့
ကြယ်သီးလေးတစ်လုံး ပျောက်ရှသွားလို့ ငိုမနေပါနဲ့
နောင်တစ်ချိန် ကြယ်သီးလေးကို ပြန်တွေ့တဲ့အချိန်
မင်းမှာ အခြားပိုကောင်းတဲ့ အင်္ကျီလေးတစ်ထည်
ပိုင်ဆိုင်နိုင်နေရပြီဆိုရင်....
ကြယ်သီးလေးပျောက်ခဲ့တာ...မင်းအတွက်
အဓိပ္ပါယ် မရှိသော ဆုံးရှုံးခြင်းပါပဲ....