ဘဝအတွက် (၅)ချက်

Words
592
Reading
3 min
Listen
Play
8y

ဘဝအောင်မြင်တိုးတက်စေဖို့ လိုအပ်ချက် ၅ချက်

၁. အိပ်မက်ပန်းတိုင်ချမှတ်ပါ။

သင်တစ်ခုခုလုပ်ဖို့မဆုံးဖြတ်ခင် သင် ဘာဖြစ်ချင်တာလဲ၊ ဘယ်ကိုရောက်ချင်တာလဲ၊ ဘယ်လိုဘဝမျိုး လိုချင်တာလဲ၊ ဝင်ငွေဘယ်လောက်လဲ၊ စသဖြင့် မိမိလိုချင်တဲ့ အိပ်မက်ပန်းတိုင်ကို တိတိကျကျ ထင်ထင်ရှားရှား မြင်အောင်ပုံဖော်ပါ။ ပြီးရင် ချရေးပါ။ လူတော်တော်များများ အောင်မြင်မှုမရတာဟာ အရွယ်ရောက်လာရင် အလုပ်လုပ်သင့်တယ်ဆိုလို့သာ လုပ်နေကြတယ်၊ သူတို့ဘာဖြစ်ချင်မှန်း ဘယ်ကိုသွားနေမှန်းမသိကြဘူး။ ကိုယ်ဘာဖြစ်ချင်မှန်း ဘယ်ကိုသွားမယ်မှန်း မသိသ၍ မိတ်ဆွေ ဘယ်လောက်လျှောက်လျှောက် ဘယ်ကိုမှမရောက်ပါဘူး။

၂. ကိုယ့်အိပ်မက်အပေါ်စိတ်လှုပ်ရှားမှုရှိပါစေ။

ကိုယ်သတ်မှတ်လိုက်တဲ့အိပ်မက်ဟာ ကိုယ့်အတွက်စိတ်လှုပ်ရှားမှုရှိရမယ်။ ဒါမှသာ တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်လိမ့်မယ်။ ဥပမာမိတ်ဆွေက ဧည့်ခံပွဲတစ်ခုကိုသွားမယ်၊ ဧည့်ခံပွဲဆိုပေမယ့် အရမ်းမကြီးကျယ်ဘူး သာမာန်လောက်ပဲဆိုရင် မိတ်ဆွေလည်း သာမာန်လေးပဲပြင်ဆင်ပြီးသွားလိမ့်မယ်။ ဒါပေမယ့် မိတ်ဆွေသွားမှာက အကယ်ဒမီပေးပွဲ အဲဒီပွဲမှာ ကိုယ်တိုင်က အကယ်ဒမီဆုယူရမှာ ဒါဆိုမိတ်ဆွေ ပွဲမတိုင်ခင် တစ်လလောက်ကတည်းက ဘာတွေလုပ်နေမလဲ။ မိတ်ဆွေစိတ်ခံစားချက်တွေ ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်ပေါ့။ ဒါကြောင့် ကိုယ်သတ်မှတ်လိုက်တဲ့ ပန်းတိုင်က ကိုယ့်အတွက်ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းရမယ်။

၃. လေ့လာသင်ယူပါ။

ဒါကအရမ်းအရေးကြီးပါတယ်။ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို သိပြီဆိုရင် အဲဒီပန်းတိုင်ကိုရောက်ဖို့ သင်ဘာတွေသိရမှာလဲ၊ ဘာတွေလေ့လာရမှာလဲ၊ ဘယ်သူတွေဆီမှာ လေ့လာမှာလဲ၊ ဘယ်မှာလေ့လာမှာလဲ၊ သေချာစာရင်းပြုစုပါ။ အရေးကြီးတာက သင်သတ်မှတ်ထားတဲ့အိပ်မက်ကို အရောက်ပို့ပေးနိုင်တဲ့ ပညာရပ်ကို သင်ယူဖို့အရေးကြီးပါတယ်။ ဆရာဝန်ဖြစ်ချင်တာဆိုရင် ဆေးတက္ကသိုလ်သွားရမှာပါ နည်းပညာတက္ကသိုလ်သွားရင်တော့ သင့်အိပ်မက်နဲ့လွဲသွားမှာပါ။ အင်္ဂျင်နီယာ ဖြစ်ချင်ရင်တော့ နည်းပညာတက္ကသိုလ်သွားရမှာပေါ့။ သင်သရုပ်ဆောင်ဖြစ်ချင်ရင်တော့ သရုပ်ဆောင်ပညာရပ် သင်ကိုသင်ရမှာပါ ငါကဆေးတက္ကသိုလ်ကဆင်းလာတာ ငါပညာတတ်ဆိုပြီး သရုပ်ဆောင်ပညာရပ်ကို မလေ့လာမဆည်းပူးပဲ ရုပ်ရှင်သွားရိုက်မယ်ဆိုရင်တော့ သေချာပေါက်ရှုံးမှာပါ။ ဒါကြောင့် သင့်အိပ်မက်ပေါ်မှုတည်ပြီး အိပ်မက်နဲ့သက်ဆိုင်တဲ့ ပညာရပ်ကို ကျွမ်းကျင်အောင် ပရော်ဖက်ရှင်နယ်ဖြစ်အောင် သင်ယူပါ။ အိပ်မက်ဆိုတဲ့လိပ်ပြာကို ဘယ်တော့မှလိုက်ဖမ်းဖို့ ချည်းပဲ မကြိုးစားပါနဲ့။ သင့်ကိုယ်သင်ပန်းတစ်ပွင့်ဖြစ်အောင် ကြိုးစားသင်ယူခဲ့မယ်ဆိုရင် အိပ်မက်လိပ်ပြာတွေ လာနားပါလိမ့်မယ်။

၎. လက်တွေ့လုပ်ဆောင်ပါ။

ဒါကပိုအရေးကြီးပါတယ်။ သင်ဘယ်လောက်တတ်တတ် လက်တွေ့မလုပ်ရင်တော့ဘာမှဖြစ်မလာပါဘူး။ နယ်ပယ်တစ်ခုမှာ အောင်မြင်တဲ့အဆင့်ရောက်ဖို့ အနည်းဆုံး နာရီ တစ်သောင်း အလုပ်လုပ်ဖို့လိုပါတယ်။ တစ်နေ့ကို ၈နာရီနှုန်းနဲ့ အလုပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ် လုပ်သွားမယ်ဆိုရင်တောင် အနည်းဆုံး ၃နှစ်ကျော်ကျော်ကြာပါလိမ့်မယ်။ ဒါကြောင့် အလုပ်တစ်ခုလုပ်ရင် ဘယ်လိုအခက်အခဲပဲကြုံကြုံ အနည်းဆုံး ၃နှစ်မှမပြည့်သေးရင် နောက်မဆုတ်လိုက်ပါနဲ့။ ဆက်ပြီးကြိုးစားပါဦး။

၅. နေ့စဉ်သုံးသပ်ပါ။

တနေ့ကုန်သွားတိုင်း သင့်ရဲ့ အိပ်မက်တွေ ထင်ရှားသေးရဲ့လား အိပ်မက်အပေါ်မှာရော စိတ်လှုပ်ရှားမှုရှိသေးရဲ့လား သင်ယူမှုတွေရော မှန်ကန်ရဲ့လား လက်တွေ့လုပ်ဆောင်မှုမှာရော အားနည်းချက်တွေရှိနေလား စသဖြင့် ပြန်လည်သုံးသပ်ပါ။ အားနည်းတဲ့အပိုင်းကို ပြင်ဆင်ပါ။

အားလုံးမိမိအိပ်မက်ကို အကောင်အထည်ဖော်နိုင်သူတွေ ဖြစ်ကြပါစေ။

image

The need to improve success in life 5

  1. Dream goals.

Before you decide to do something, you want to be, What you want to come, What kind of life you want that, How much revenue, A specific goal of his dream that you want to visualize clearly visible. Click on the left. Many have been successful work in the classroom to blame, if you are, They want what they do not know where to go. As long as I know where I want to be what will friend how လျှှောက် ဘယ်ကိုမှ reached.

  1. Let the excitement on your dreams.

It must be specified in the dream has just excitement. It will be so active. For example, a friend will be a reception, Although the reception was not very big, just a normal friend will prepare a normal boy. But a friend will အကယ်ဒမီပေးပွဲ party, a friend of the Academy take itself so what about a month before the event, they say. Think about how your emotions will. So I have determined should be the goal is just to Aurora excited.

  1. Learning.

This is very important. I gotta reach the goal that you want to know the goals you want to know what sex and intimacy, Learn what sex and intimacy, Who do not have a study can not be considered, Where can I learn how, List sure. Importantly, you have specified a dream is important to a degree that can be sent. If the doctor will need to go if you want Medical Technology will miss your dream. Engineers must ဖြစ်ချင်ရင်တော့ Technology. Starring actor ဖြစ်ချင်ရင်တော့ approach you as you come down, I'll Medical I am educated, I studied acting education taking a chunk of the movie, if not necessarily defeated. So depending on your dream to dream and learn to make the corresponding professional education professional. Never take to chasing butterflies try to dream. Try to make yourself a dream if they learned butterflies will come.

  1. Action.

This is more important. How much you actually do nothing လုပ်ရင်တော့. One successful step we need to work at least ten hours to reach areas. 8 hours per day, if We will work to plant a single outfit will take at least 3 years. How to get a job so that the difficulties experienced at least 3 years experience yet again. Try to continue.

  1. Daily Review.

Still appear in your dreams at the end of each day, there's the excitement on the dream of learning both real practice review are both vulnerable. Prepare for the weaker sections.

All his dreams were and are able to implement.

by-masterbcc@masterbcc
photo-google

ဘဝအတွက် (၅)ချက် | Ecency