အချစ်လှေ~ ~ ~

Words
134
Reading
1 min
Listen
Play
8y

............ကြိုက်​လွန်းလို့တင်​ပြရ​စေ..​မောင်​လှမျိုးကဗျာပါ

အမှတ်ရလို့ အခုလိုလေး

သမုဒ္ဒရာပဲ ကျော်ကျော်
ပင်လယ်ပဲ ဖြတ်ဖြတ်
မြစ်ကိုပဲကူးကူး
ချောင်းမှာပဲ လှော်လှော် ၊
လှေဦးမှာ
သူထိုင် ၊
ပဲ့ကိုင်က
ကျွန်တော်ပေါ့ ။

အဖော်မရှိ အပျော်မသိ
ပကတိရေပြင်ကျယ် အထက်မှာ
လှိုင်းထိလို့ လှေလူးလည်း
ဒီ, နှစ်ယောက်တည်း ၊
မိုးရွာလို့ ရေစိမ့်လည်း
ဒီ , နှစ်ယောက်တည်း ၊
နေပြင်းလို့ လှေပူလည်း
ဒီ တစ်ယောက်တည်း ၊
သဘောထားလွဲရင်လည်း
ဒီ နှစ်ယောက်တည်း ၊
သဘောမတူ အယူအဆ
မတူကွဲပြားရင်လည်း
ဒီ , နှစ်ယောက်တည်း ၊
(တခြားလှေ
တစ်လှေခြားတွေက ,
အားပါးတရ
လက်ခုပ်ပဲ တီးတီး
အားမလို အားမရ
စကားတင်းပဲ ဆိုဆို)
ကိုယ့် နှစ်ကိုယ်တည်း
ဒီ , နှစ်ယောက်တည်း ၊
လျှောက်ရဲလို့ … လျှောက်
မကြောက်လို့ , လှော်တက်ကိုင်
ဒီ , လှေ အပေါ်
ပျော်ပျော်
မပျော်ပျော်
အတူတက်ထိုင်ခဲ့ပြီးတဲ့ နောက် ၊
ရှေ့ကိုပဲ တည့်တည့်ကြည့်
ဘေးဘီကို သတိနဲ့ ဆင်ခြင်
ကမ်းမမြင်လည်း
လှော်နေဆဲ ၊
လှေမှောက်ရင် အတူနစ်
လှေရောက်မှ အတူပျော်
ကမ်းအငူ လှမ်းအတူလှော်တော့ ,
ဘယ်သူ ဘယ်ဝါ
ဘယ်အရာတွေ ဘယ်လို ပြောပြော
ဟောဒီ့ အပူ
ဒီ, လူနှစ်ယောက်လို
(တစ်ယောက်အပူကို
တစ်ယောက်သိသလို)
ဘယ်သူက ပိုသိမှာတဲ့လဲ ၊
အတူတကွ
အပူမျှလျက်
အယူအဆတွေ
ငြင်းခုံ တူမျှ ဖလှယ်ကြရင်း ၊
သမုဒ္ဒရာပဲ ကျော်ကျော်
ပင်လယ်ပဲ ဖြတ်ဖြတ်
မြစ်ကိုပဲ ကူးကူး
ချောင်းမှာပဲ လှော်လှော် ၊
ချစ်ခြင်းကို လှေပေါ်တင်ရင်း
ချစ်ခြင်းကို လေလို ရှူ ပြီး
ချစ်ခြင်းကို အသက်လိုမှတ်ကာ
ကမ်းကပ်မှာပေါ့။
image

photo~google

အချစ်လှေ~ ~ ~ | Ecency