အမှားကို ပြင်ဖို့

Words
65
Reading
1 min
Listen
Play
8y

image
ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ အမှားမလုပ်ဖူးတဲ့သူမရှိပါဘူး
ဒါပေမယ့် အရေးကြီးတဲ့အချက်က
၁. ကိုယ့်အမှားကို သိရမယ်
၂. ကိုယ်ဘာမှားလဲ သိရင် ကိုယ့်အမှားအတွက်
ထိခိုက်နစ်နာသူတွေကို ပြန်တောင်းပန်ရမယ်
၃.ကိုယ့်အမှားအပေါ် သင်ခန်းစာယူပြီး
နောက်တစ်ကြိမ် ထပ်မမှားအောင် ပြန်ပြင်ဆင်နိုင်ရမယ်

ဒီအချက် ၃ ချက်ကိုတော့ အမှားလုပ်ဖူးတဲ့သူတိုင်း
မလုပ်နိုင်ကြပါဘူး။ ဒါပေမဲ့ ရိပ်သာက
ကလေးမလေးနှစ်ယောက်က ငယ်ရွယ်ပေမယ့်
အချက် ၁ နဲ့ ၂ ကို နေ့မကူးပဲ လုပ်ပြနိုင်ခဲ့တာ
ဝမ်းသာချီးကျူးရမှာပါ

အမှားကို အမှားမှန်းသိတယ် ၊ ဝန်ခံရဲတယ်၊
တောင်းပန်ရဲတယ်ဆိုတဲ့ အစဉ်အလာကို
ငယ်ရွယ်သူတွေကိုယ်တိုင် လိုက်နာကျင့်သုံးတာ
ကြိုဆိုလက်ခံပေးကြပါ၊ နံပါတ် ၃ ဖြစ်တဲ့
နောက်တစ်ကြိမ် ထပ်မမှားရအောင် ပြင်ဆင်နိုင်ဖို့
အားပေးကူညီလိုက်ကြပါ

သေခါနီးအထိ အကြိမ်ကြိမ်မှားနေလဲ ပြန်တောင်းပန်ဖို့
အစီအစဉ်မရှိတဲ့ ကြီးမိုက်ကြီးတွေကြားမှာ
အမှားသိပြီး ပြန်တောင်းပန်တဲ့ ကလေးမနှစ်ယောက်ကို
လှိုက်လှိုက်လှဲလှဲ ချီးကျူးပါတယ်။
အမှားကိုသိပြီး ရှေ့ဆက်အမှန်ပြင်နိုင်ပါစေ ...
image

အမှားကို ပြင်ဖို့ | Ecency