အလွဲ

Words
85
Reading
1 min
Listen
Play
9y

အလွဲဆိုသည်မှာ အခုလိုလဲ ~ ~ ~

အချိန်ပိုဆင်းရတဲ့အတွက်..
ညဖက်အိမ်ပြန်နောက်ကျသွားတဲ့...
ဇနီးဖြစ်သူဟာ အိပ်ခန်းတံခါးကို
ညင်သာစွာတွန်းဖွင့်ပြီးဝင်လိုက်ပါတယ်
သူမတို့ရဲ့မင်္ဂလာမွေ့ယာကြီးပေါ်က
စောင်အောက်မှာသူ့ယောက်ျား ခြေထောက်ဟာ
(၂) ချောင်းဖြစ်နေရမယ့်အစား(၄)ချောင်းတိတိ
ဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါမှာတော့
ဘယ်လိုမှ စိတ်ကိုမထိန်းတော့ဘဲ ...
အော်... မောင်ရယ် လုပ်ရက်တယ်ကွယ်
အေးလေသူကြင်မှ ကိုကြင် သူကမှ လုပ်ရက်မှတော့
သေချင်းဆိုးကြီး မသာကြီး သေဖို့သာပြင်ထား
ဖောက်ပြန်တဲ့ယောက်ျား
သစ္စာမရှိတဲ့အကောင်....
စတဲ့အတွေးတွေနဲ့အတူ
အနီးနားမှာတွေ့တဲ့ ထီးတစ်ချောင်းကို
ဆွဲယူလိုက်ပြီးစောင်ပေါ်ကို ရှိသမျှအား
အကုန်သုံးပြီး ဆက်တိုက်ဆိုသလို..
ရိုက်ပြီးရင်းရိုက်ပါလေရော
စောင်အောက်မှ ခြေထောက် (၄) ချောင်း ခမျာလည်း
ပထမတော့ ပြောပါသေးတယ်
မဟုတ်ဘူး... မဟုတ်ဘူး ဆိုပြီး....
နောက်တော့ဗျာ အော်တောင်မအော်နိုင်တော့ပါဘူး
ဆက်တိုက်ရိုက်နေတော့ စောင်ကိုခေါင်းမူး
ခြုံထားကြတယ် ခေါင်းထိမှာ စိုးလို့ထင်ပါရဲ့
စိတ်ကျေနပ်လောက်အောင်ရိုက်ပြီးသွားတဲ့
အခါမှာတော့.....
ယောက်ျားဖြစ်သူရဲ့မျက်နှာရော..
ဟိုဟာမမျက်နှာကိုပါမကြည့်ချင်တဲ့အတွက်
မီးဖိုချောင်အခန်းထဲကို ၀င်မောလွန်းလို့
ရေသောက်ဖို့အတွက် ၀င်လိုက်တဲ့အခါမှာတော့...
မဂ္ဂဇင်းတစ်စောင်ကိုအေးအေးလူလူဖတ်နေတဲ့
 ယောက်ျားဖြစ်သူကို တွေ့လိုက်ရပါတော့တယ်...
သူခမျာ ယောက်ျားဖြစ်သူကိုကြည့်ပြီး
ကြက်သေသေပြီး ရပ်နေရင်း ယောက်ျားက
ဟေး...မိန်းမရေ... ပေန်လာပြီလားကွ
မိန်းမ ရဲ့ အဖေ နဲ့အမေ... မောင်တို့ဆီကို
လာလည်တယ်ကွ...အဲ့ဒါကြောင့်...
မောင်တို့အိပ်ခန်းမှာပေးအိပ်ထားလိုက်တယ်
သွားနှုတ်ဆက်လိုက်ပါအုံး......တဲ့လေ...
ဟင်​......ဒုက္ခ​တော့​ရောက်​ပြီ
image
photo-google

အလွဲ | Ecency