အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမယ့်
မတူတာတခုတော့ရှိခဲ့တယ်
အဲဒါ အနိုင်မယူလိုခြင်းဘဲ•••
ပတ်သက်ခဲ့သမျှမှာမင်းစိတ်တိုင်းကျ မဖြစ်ခဲ့ရင်တောင်
မင်းလိုချင်တဲ့ ပုံစံတွေအတိုင်း
မင်းစိတ်တိုင်းကျလေး ငါနေပြပေးခဲ့တယ်•••
မင်းမကြည်ဖြူတဲ့အခါ ငါငြူစူဖို့မပြောနဲ့
ခပ်ရဲရဲတောင်မော်မကြည့်ရဲ့တာ
မင်းကို သိပ်ချစ်လွန်းလို့ပါ•••
ချစ်လွန်းလို့အလျှော့ပေးမိသမျှ
ကြောက်လို့ လို့ အထင်ရောက်ခဲ့တဲ့မင်း
အပြောတွေက တင်းသထက်တင်းလာတယ်•••
အလံဖြူပြနေတာပါ ချစ်သူ
အရှုံးပေးနေသမျှ ကြောက်လွန်းလို့ လို့ အထင်မရောက်ပါစေနဲ့•••
တကယ်တော့ အလံဖြူဆိုတာ
အနိုင်မယူလိုသူတွေသုံးတဲ့
အလျှော့ပေးနည်း တမျိုးဆိုတာမင်းသဘောပေါက်လှည့်ပါ•••။ ။