Funny

marrina(33)
Published in
#funny
Words
100
Reading
1 min
Listen
Play
9y

"သေမင်းကို ဆန္ဒ ပြ သတဲ့လား"

လူ တယောက်။ကုန်းကောက်စရာ မရှိလောက်အောင်ကို မွဲသတဲ့။ဒါ……ကြောင့် သူ သေခြင်တယ်။သေ ခြင်လွန်းလို့ သေမင်းရှိရာ သင်းချို င်းကို သွာပြီး---
"သေမင်းကြီးရယ် ခေါ်လှည့်ပါတော့"
လို့ ဆန္ဒပြ တောင်းဆိုရှာတယ်။
အကြိမ် များစွာ တောင်းဆိုဆန္ဒပြနေလေတော့လဲ သေမင်းခမျာ မနေသာတော့ဘူးပေါ့။
"လူသား…မင်း ဘာကြောင့် ဒီလောက် သေခြင်နေရတာလဲ"
လို့ အကြောင်းကို မေးတော့
"မွဲ လွန်းလို့်ပါဗျာ"
မျက်ရည်လည်ရွဲ နဲ့ ဖြေတယ်။သေမင်းလဲ သိပ် သနားသွာပြီး
"ဒါ နဲ့တော့ မင်း မသေနဲ့အုံး။ ငါ ဆေးမြစ် ပေးလိုက်မယ် ။ကုစား…၉၆ပါး ပျောက်စေရမယ်။ဒါဆို မင်း ချမ်းသာပြီ။အဲ မင်း သေနေ့စေ့တဲ့နေ့ရောက်ရင်တော့ မင်းတောင်းဆိုဆန္ဒပြုထားတဲ့အတိုင်း ငါ လာခေါ်မယ်။အဲဒီကျတော့ ငါ မင်းအသက်ကိုရှောရှောရှူ ရှူ ထွက်အောင် ခြေရင်းကနေ နှုတ်မှာ"
သေရမယ့်ရက်ချိန်းကိုပါသေသေခြာခြာပေးမှာကြားပြန်လွှတ်လိုက်တယ်။
ရွာပြန်ရောက်လို့ဆေးကုလိုက်တာ မကြာမီမှာဘဲ သူဌေးကြီး ဖြစ်သွားပါလေရော။
ချမ်းသာပြီး အပျော်ကြီး ပျော်နေရင်းနဲ့ဘဲ ချိန်းတဲ့ သေနေ့ကိုရောက်လာတယ်။မသေခြင်ဘူး။မသေပါရစေနဲ့။မသေအောင် ဘယိလိုလုပ်ရမလဲ။
"သေမင်းက ပြောလိုက်တယ်။ခြေရင်းက နှုတ်မှ သေမှာတဲ့။ဒီတော့ မသေအောင် ပြောင်ပြန် အိပ်နေလိုက်မယ်"လို့ကြံပြီးသေမင်းမျက်စိလယ်အောင် အိပ်နေလိုက်တယ်။
သေမင်းလဲ ချိန်းထားတဲ့ရက် ရောက်တော့မလွဲမရှောင်သာ လာရတယ်။
ချမ်းသာပြီး ပျော်ရွှင်နေတဲ့ သှူု့ အဖြစ်ကိုကြည့်ပြီး ဝိညာဉ် မနှုတ်ရက်ဘူး။ဒီတော့ သူ မသေ အောင် ခေါင်းရင်းကနေ နှုတ်မှဘဲလို့ နှုတ်လိုက်တော့…
ဗုဒ္ဓေါ ဆန္ဒပြ သတဲ့လား
FB_IMG_1500560610702.jpg

Funny | Ecency