သံကိစ္စ သာမဏေ အပိုင်း ၃

Words
61
Reading
1 min
Listen
Play
8y

(3)
အဲ့မှာ……ရှင်သာရိပုတ္တရာက………
ငါ့အရှင်တို့ တောကျောင်းရောက်ရင် ရေပူ ရေချမ်း ကမ်းလှမ်းခြင်း အပြုအစု အလုပ်အကျွေး သာမဏေကလေးများရှိပြီလားဆိုပြီး သံဃာတော်တွေကို မေးတယ်……
မပါဘူးဘုရားဆိုပြီလျှောက်တော့……
ငါ့ရှင်တိုမှာ သာမဏေမရှိဘူးပဆိုရင် သံကိစ္စသာမဏေ လေးကိုခေါ်သွားဆိုပြီး လက်ဆွဲပြီးတော့ထည့်တယ်……

တောကျောင်းသွားမယ့်ကိုတော်ကြီးတွေက……
ကိုရင်လေး ကြည့်လိုက်တော့ ၇နှစ်ဆိုတော့ အင်မတန်ငယ်နေတယ်!
ငယ်သေးတော့ ဒီကိုရင်လေးနဲ့ပတ်သက်ပြီး ကြောင့်ကြနေရမှာ ဒုက္ခများနေမှာတွေ ကြောက်နေကြတယ်!
ဒီကိုရင်လေး ဘာလုပ်ဖို့လဲ အရှင်ဘုရားလို့ ရှင်သာရိပုတ္တရာကို သံဃာတော်တွေက တညီတညွတ်တည်းလျှောက်ထားတော့…

အရှင်သာရိပုတ္တရာက………
"ကိုယ်တော်တို့ ကိုရင် သံကိစ္စကို အကြောင်းပြုပြီးတော့
ကိုယ်တော်တို့ ကြောင့်ကြစိုက်ရမှု ဖြစ်လိမ့်မယ်မဟုတ်ဘူးတဲ့"………
"ဘာလို့ထည့်လိုက်သလဲဆိုတာ နောက်တော့သိကြမယ်"……
"မြတ်စွာဘုရားကလည်း ငါ့ရှင်တို့ကို ငါ၏ထံမှောက်သို့စေလွှတ်လိုက်တာကိုက ကိုရင် သံကိစ္စသာမဏေ ကို သင်တို့နဲ့အတူ ထည့်ပေးလိုက်ဖို့ပဲ" ဆိုတော့မှ……

"ကောင်းပါပြီငါ့ရှင်"ဆိုပြီးတော့ ရဟန်းတော်သုံးကျိပ် ကိုရင် သံကိစ္စနှင့် သုံးကျိပ်တစ်ပါးဟာ ယူဇနာ တစ်ရာနှစ်ဆယ်ဝေးတဲ့တောရွာကြီးတစ်ခုဆီရောက်သွားကြတယ်……… :-D image

သံကိစ္စ သာမဏေ အပိုင်း ၃ | Ecency