သံကိစ္စ သာမဏေ အပိုင်း ၂

Words
97
Reading
1 min
Listen
Play
8y

(2)

ဒီဝတ္ထုမှာ……
အသက်အရွယ် မငယ်တော့တဲ့ သာကီဝင်မင်းသား သုံးကျိပ်က ရဟန်းပြု ကြပြီး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှာ ကမ္မဌာန်းတရားတောင်းကြတယ်!ပြီတော့ တောကျောင်းတစ်ခုခုဆီသို့ တပည့်တော်တို့ သွားပြီး တရားအားထုတ်တော့မယ်လို့ လျှောက်ကြတယ်……

အဲ့မှာ မြတ်စွာဘုရားက ရဟန်းသုံးကျိပ် တရားသွားအားထုတ်မယ့်နေရာကို ရွှေဥာဏ်တော်နဲ့ မျှော်ပြီးကြည့်လိုက်တာ……
အဲ့ဒီတောကျောင်းမှာ ကပ်ပါးလူတစ်ယောက်ကြောင့် အသက်ဘေးစိုးရိမ်ရတဲ့ အခြေအနေရောက်လာနိုင်လို့……
အရှင်သာရိပုတ္တရာရဲ့ တပည့်လေး "သံကိစ္စ" သာမဏေ လေးသာ ရဟန်းသုံးကျိပ်နဲ့ လိုက်ပါသွားရင်တော့…… image
ဒီဘေးက သူတို့လွတ်ပြီး တရားကောင်းကောင်းအားထုတ်နိုင်ပြီး အရတ္တဖိုလ်မြောက်ရဟန်းကိစ္စအပြီးအဆုံးသို့ရောက်ကြလိမ့်မယ်ဆိုတာသိတော့………

မြတ်စွာဘုရားရှင်က ရဟန်းသုံးကျိပ်ကိုမှာတယ်……
တောကျောင်းကို တရားသွားအားမထုတ်ခင် အရှင်သာရိပုတ္တရာဆီ အရင်ဝင်ပြီး ကန်တော့ပြီးမှ သွားကြဖို့………

သံဃာ သုံးကျိပ်လည်း မြတ်စွာဘုရားမှာတဲ့အတိုင် အရှင်သာရိပုတ္တရာဆီဝင် ပြီးကန်တော့ကြတာပေါ့!
အရှင်သာရိပုတ္တရာက ကန်တော့လာတဲ့ သံဃာတော် သုံးကျိပ်ကို အကျိုးအကြောင်းမေးတော့………
တပည့်တော်တို့ တောကျောင်းသွားပြီးတရားအားမထုတ်ခင် ရှင်သာရိပုတ္တရာကို ဝင်ကန်တော့ဖို့ မြတ်စွာဘုရားက မှာလိုက်လို့ပါဘုးရားဆိုပြီးလျှောက်တယ်………

အရှင်သာရိပုတ္တရာက စဉ်းစားတယ်!
မြတ်စွာဘုရားရှင်က အကြောင်းမဲ့သက်သက်တော့ ဒီသံဃာတော်တွေကို သူ့ဆီဝင်ပြီးမကန်တော့ခိုင်းဘူးပေါ့!
အဲ့မှာ တရားသွားအားထုတ်မယ့်နေရာကို အနာဂတံသဥာဏ်နဲ့ မျှော် ကြည့်လိုက်တော့ ရှင်သာရိပုတ္တရာလည်း မြတ်စွာဘုရားမြင်သလို ဒီသံဃာတွေရဲ့ဘေးကို မြင်တယ်!
အဲ့မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကိုရင် သံကိစ္စ လးကို ဒီသံဃာတွေနဲ့ ထည့်လိုက်စေချင်လို့ သူ့ဆီကို လွှတ်တာပဲဆိုပြီးတော့အရှင်သာရိပုတ္တရာက သဘောက်ပေါက်တယ်! image

အဲ့နေရာမှာပြောချင်တာက သူတော်ကောင်းတွေဆိုတော့ သဘောပေါက်မြန်လိုက်တာ!
မြတ်စွာဘုရားရှင်က စကားတွေအများကြီးပြောနေစရာမလိုဘူးနော်! ဝင်ကန်တော့သွား ဦးလို့ပဲမှာလိုက်တာ!
ဒါကို အရှင်သာရိပုတ္တရာက သဘောပေါက်တယ်နော်! :-D ………………………
image

သံကိစ္စ သာမဏေ အပိုင်း ၂ | Ecency