တခါတလေ ကိုယ်နဲ့ပတ်သက်ခဲ့သူက သူ့ကိုယ်ပိုင်မိသားစုလေးနဲ့ ဒါမှမဟုတ် နောက်ချစ်သူတယောက်နဲ့ ရှိနေသည့်တိုင် ပတ်သက်ဆက်ဆံဖို့ ကြုံ ကြိုက်လာခဲ့ရင် သူ့ကောင်းကြောင်းကို သူနဲ့ကိုယ် ပတ်သက်တဲ့အသိုင်းအဝိုင်းမှာ ချီးမွမ်းပြောဆိုတဲ့အထိ စိတ်ထားမြင့်မြင့်မြတ်မြတ် ထားနိုင်ကြတာမျိုးလည်း မြင်ဖူးတယ်။ လမ်းခွဲဖူးတဲ့ သမီးရည်းစားတိုင်း နောင် မျက်နှာချင်းမဆိုင်လိုကြတော့တာမျိုး ၊ မခေါ်ပြောမဆက်ဆံနိုင်ကြတာမျိုး ၊ သွားပုပ်လေလွင့်ပြောတာမျိုးတွေမရှိကြပါဘူး။ ဒါက တိုးတက်ပြီး စိတ်ထားမြင့်မြတ်ကြတဲ့ လူ့အသိုင်းအဝန်းမှာပေါ့။
@manangroung