ညီမလေး

Words
33
Reading
1 min
Listen
Play
8y


လူဆိုသည့်ဘဝ မင်းတို့ငါတို့နဲ့ ထိုက်တန်ခြင်းမရှိတော့ဘူးလား။
မင်းတို့ငါတို့တွေက ဘာလုပ်ခဲ့ကြလို့လဲ။ဘာကြောင့်အခွင့်သာခြင်းမရှိခဲ့ရတာလဲ။
အရှေ့တောင်အာရှတိုက်ကြီး၏ တစ်နေရာက မင်းတို့ငါတိုရဲ့ ဘဝ၏ကံကို ဘာကြောင့်ကမ္ဘာကြီးက မသိသလိုနေနေရတာလဲ။မသိသင့်ဘူးလား။
သမိုင်းဝင်စာမေးပွဲကိုဆင်နွှဲလို့ပြီးပါပြီ။ငါ့လှေကလေးကို ဆွဲမနှစ်လိုက်ပါနဲ့။လိမ့်ကျဖို့ကြိုးစားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပေါ့။မြို့သေ၊မြို့ပျက်လို နေထိုင်နေရတဲ့ဘဝပါကွာ။ငှက်သံဆိတ်သုဉ်းတဲ့ မနက်ခင်းတစ်ခုလိုပေါ့။တစ်ခုခုကိုနင်နေတဲ့ လည်ချောင်းနဲ့ ဟောဒီစာကြောင်းတွေကို ချရေးနေမိရဲ့။အဲဒီစာကြောင်းတွေဟာ
တို့ဘဝကိုကယ်တင်မဲ့ စာကြောင်းတွေဖြစ်ခဲ့ရင် တို့ကံကောင်းပြီပေါ့။
စိတ်ဓာတ်ကျလို့ ညနေခင်းကွင်းပြင်ထဲမှာ စွန်လွှတ်သလို စိတ်ကူးတွေလေထဲ လွှင့်တင်နေမိတယ်။ငါ့ရဲ့အဆုတ်ထဲက မင်းရဲ့အသက်ရှူသံ အငွြေု့ပန်သွားပြီလား။
တို့ရဲ့လရင့်သန္ဒေအိပ်မက်တွေ လေယာဉ်တစ်စီးလိုပျက်ကျခဲ့ပြီလေ။
manangroung@manangroung