“အညိုရောင်”

Words
58
Reading
1 min
Listen
Play
8y

သင်အကြိုက်ဆုံးအရောင်ဟာ “အညိုရောင်” ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှု (ကျန်းမာရေး၊ငွေကြေး ၊အလုပ်အကိုင်)တစ်ခုခု ရှိတတ်တယ်။ ဒီအဆင်မပြေမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူလည်း ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ငွေကြေး၊ စီးပွား၊ အလုပ်အကိုင် တစ်ခုခု အဆင်မပြေဖြစ်နေရင် အညိုရောင်ကို (နဂိုက မကြိုက်ရင်တောင်မှ) ကြိုက်လာတတ်တယ်။ဘ၀အတွက် မျှော်လင့်ချက်တွေ ထားနေပေမယ့်စိတ်ထဲက ယုံကြည်မှု မရှိဘူးဖြစ်နေတတ်တယ်။ဘ၀ကို အရှုံးပေးချင်နေတဲ့သင်္ကေတ ဖြစ်နေတတ်တယ်။
သင်မကြိုက်ဆုံးအရောင်က “အညိုရောင်” ဖြစ်မယ်ဆိုရင်တော့– သင်ဟာ OverConfidence ဖြစ်နေသူ ဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမယ်။ ကိုယ်ဘာလုပ်လုပ်အောင်မြင်လိမ့်မယ်လို့ ထင်နေတတ်တယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်းသိပ်ကောင်းတယ်လို့ ထင်မြင်တတ်တယ်။စားချင်ရာစား၊ သွားချင်ရာသွား ၊လုပ်ချင်ရာ လုပ်နေတတ်တယ်။ ဘာသာရေးကိစ္စတွေ ၊ဗေဒင် နဲ့ဂမ္ဘီရပညာရပ်တွေအပေါ်မှာ ယုံကြည်မှု အလွန်နည်းမယ်။ပစ္စုပ္ပန်မှာ လက်တွေ့ကျကျ လုပ်ဆောင်မှုကို ပိုမိုယုံကြည်တတ်ကြတယ်။manangroung@manangroung

“အညိုရောင်” | Ecency