ဖေဖေ

Words
59
Reading
1 min
Listen
Play
8y

"အို ​ဖေ​ဖေ ​ဆေးရုံကို ​ရောက်​​နေတယ်​တဲ့"ကျွန်​မ ​လေယာဉ်​လက်​မှတ်​တန်းဝယ်​ပြ်ီး ​ဖေ့​ဖေ့ဆီ အမြန်​ဆုံးထွက်​လာခဲ့တယ်​။ လမ်းမှာ ​ဖေ​ဖေနဲ့ ​အေး​အေး​ဆေး​ဆေး စကားလက်​ဆုံကျဖို့ ကျွန်​မလွဲ​ချော်​ခဲ့မှု​တွေအ​ကြောင်းပဲ တနုံ့နုံ့တွေး​​နေမိတယ်​။ဆေးရုံကို ​ရောက်​တဲ့အချိန်​မှာ​တော့ ​ဖေ​ဖေဟာ မျက်​လုံးမှိတ်​သွားရှာပါပြီ။ ဒီတစ်​ခါ​တော့ ကျွန်​မနဲ့ စကား​ပြောဖို့ အချိန်​မ​ပေးနိုင်​ခဲ့တဲ့သူဟာ ​ဖေ​ဖေ ဖြစ်​လို့သွားပါပြီ။ အဲဒီအချိန်​မှာပဲ ကျွန်​မ ​ဖေဖေ့ရဲ့နက်​ရှိုင်းတဲ့အ​တွေး​တွေ၊ ​ဖေ​ဖေ့ဆန္ဒအိပ်​မက်​​တွေနဲ့ ​ဖေဖေ့အ​ကြောင်း​တွေ ကျွန်​မဘာမှ​သေချာသိပ်​မသိခဲ့ဘူးဆိုတာကို နှ​မြောတ,သစွာ နားလည်​လာခဲ့တယ်​။ဖေ​ဖေ မရှိတော့တဲ့နောက်​မှာ ကျွန်​မ ​ဖေ​​ဖေ့အ​ကြောင်း​တွေ ပိုစဉ်းစားမိ သိရှိလာခဲ့ပြီး ကျွန်​မကိုယ်​ကိုယ်​တိုင်​ရဲ့အ​ကြောင်းကိုပါ ​ဝေဖန်​စီစစ်​နားလည်​သ​ဘော​ပေါက်​လာခဲ့ပါတယ်​။ ​ဖေ​ဖေဟာ ကျွန်​မဆီက​နေ အမြဲတမ်းသူနဲ့စကား​ပြောဖို့ အချိန်​​ပေးဖို့ အမြဲ​တောင်းဆိုခဲ့ပါတယ်​။ အခု​တော့ ကျွန်​မရဲ့ အ​တွေး​တွေ အချိန်​​တွေ အားလုံးကို တစ်​​နေ့ချင်းစီတိုင်း သူရရှိပိုင်​ဆိုင်​​နေပါပြီ။ ​ဖေဖေ ....ကျွန်​မတို့နဲ့ဘယ်​လိုမှ အတူတူမရှိ​နိုင်​​တော့တဲ့အချိန်​မှာ​ပေါ့……………
author:manangroung@manangroung
photo:images google