Small Raining ( This Season )

Words
121
Reading
1 min
Listen
Play
8y

နယုန်မိုးသေး မြက်သားမွေး

Hello ,
မင်္ဂလာပါ

ကျမတို့ ဒေသတွင်လွန်ခဲ့သော ၂-၃ ခန့်က နေ့အပူချိန်မှာ 38°C ဝန်းကျင်တွှင် ရှိခဲ့သည့်အတွက် ရာသီဥတု မှာအလွန်ကို ပူပြင်းခဲ့ပါသည်
ယန့ နံနက်ခင်းတွင် တော့ မိုးသေးလေး အနည်းငယ်ရွာသွန်းခဲ့သည့်
အတွက် အပူချိန် အနည်းငယ်လျော့နည်းသွားပါသည်

ယခုလို နယုန်လတွင်ရွာသောမိုးကို "နယုန်မိုးသေး မြက်သားမွေး " ဟုဆိုကြပါသည်

မိုးနည်းသောဒေသများတွင် နယုန်မိုးကို မိုးသေးဟု ခေါ်ကြခြင်းဖြစ်ပါသည်
အချို့ဒေသများတွင်တော့မိုးသည် ပြင်းပြင်းထန်ထန် ရွာသွန်းတတ်ပါသည်
နယုန်လတွင် မိုးကြီးစွာရွသွန်းပုံကိုတော့ မန်လည်ဆရာတော်ဘုရားကြီးက "သူယုတ်၏သား၊ ရမ်းကားတတ်စွ မိုက်မာနနှင့် ဒေါသဟုန်ဟုန်၊ တဖျင်သုန်ဖြင့် နယုန်ရေရူး၊ " ဟူ၍ ဥပမာပေး ရေးသားထားခဲ့ပါသည်

image

ကျမတို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသည် မိုးရွာသွန်းချိန်နည်းပါးသည့်
အတွက် နယုန်မိုးသေး မြက်သားမွေး ဟူသော စကားပုံ နှင့် လိုက်ဖက်လှ
ပါသည်

နယုန်လကို နွေတဝက် မိုးတဝက်လဟူ၍လည်း ဆိုကြပါသည် ထို့ကြောင့်
"ကဆုန်၊နယုန် စွေ့စွေ့ခုန် "ဟူ၍ ဆိုကြခြင်း လည်းဖြစ်ပါသည်

image

"နယုန်မိုးသေး မြက်သားမွေး" ဆိုသလို နယုန် လမှာ ရွာတဲ့ မိုးစက်အသေး
လေးတွေကြောင့် သွေ့ ခြောက်နေတဲ့ မြက်ခင်းလေးတွေကလည်း စိမ်းစိုကာ
မြက်သားပေါက်လေးများက ဟိုသည်တစ်စု ပေါရောက်လာကြပါတော့တယ်

စိမ်းစိုနေတဲ့ မြက်ခင်းနုနုလေးတွေပေါ်မှာတော့ မိုးစက်ကလေးများ တင် ကျန်ရစ်တဲ့ မိုးပုလဲလေးတွေကလည်း ရွှေရောင်အလင်းတန်းလေးများနဲ့ အတူ လင်းလက်တောက်ပလို့ စိန်ပွင့်လေတွေ ဖြာဝေနေသလို လှပလျက်ရှိနေပါတော့
တယ်

သည်လိုကြည်နှုးချမ်းမြေ့စရာ နေရက်လေးများ မှာ steemit မှသူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ စိတ်နှလုံး ရွှင်ပြုံးသာယာစွာ ဘဝခရီးကို လျှောက်လှမ်းနိုင်ကြပါစေ
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများ နဲ့လည်း ပြည့်စုံကြပါစေ ဟု
တောင်းဆု ခြွေရင်း post တင်ရေးသားလိုက်ရပါတယ်

mamamyanmar@mamamyanmar

Small Raining ( This Season ) | Ecency