Hello „ all my friends.
##ခေတ်ပေါ်စီးပွားရေး
ပြီးခဲ့သည့်ရက်ပိုင်က မမ အနေနဲ့ ဘဏ်ကိစ္စ လုပ်ငန်းကိစ္စများဖြင့် ရက်ခြားဆိုုသလို စစ်ကိုးင်း-မန္တလေး သို့ အသွားအလာ များခဲ့ပါသည်

အဲ့ဒီမှာ အခုကာလ ထူးထူးခြားခြား မြင်တွေ့ရသည်များကတော့ မန္တလေး ၈၄ လမ်းမပေါ် ဘုရားကြီးအနောက်မုုခ်ကိုကျော်ပြီး စာတိုက်ကွေ့မှစ၍ ၂၆လမ်း တိုင်အောင် လမ်းဘေး ဝဲယာတစ်လျှောက်တွင် ရွှေဝယ်သည့် ဆိုင် အများအပြား ကို တွေ့ရခြင်း ဖြစ်ပါသည်
ထီးမိုးလေးနှင့် စားပွဲခုံအသးလေးတစ်ခုပေါ်တွင် ရွှေချိန်သည့်ချိန်ခွင်လေးတင် ပလပ်စတစ် ထိုင်ခုံလေးတွေချပြီး

ထိုသူတို့ အော်ခေါ်နေသည်ကတော့ "ရွှေရောင်းမလား ရွှေဝယ်တယ် ပလက်တီနံဝယ်တယ် လာလေ စျေးညှိလို့ရတယ် "ဟူ၍ သူ့ထက်ငါ အပြိုင် လမ်းသွားလမ်းလာများအား ခေါ်ယူလျှက် ရှိသည်ကို တွေ့ရှိခဲ့ရပါသည်
တစ်ချို့ဆိုင်လေးများက ဒီအတိုင်း ပါးစပ်ကပင် ရွှေရောင်းရန် ပြောဆိုု ခေါ်ယူကြသော်လည်း တစ်ချို့ဆိုင်များကတော့ လက် ပိုက်ဆံအိတ်များအထိပါ ဆွဲယူ၍ ဇွတ်အတင်း ရွှေရောင်းမလားဟု ဆွဲခေါ်နေကြသည်မှာ ကြောက်စရာပင် ကောင်းလှပါတော့သည်
ခရီးသည်ကားကြီးဝင်းများ၌ ခရီးသည်ကြိုသည့် ကယ်ရီသမားများ ကဲ့သို့ပင် လမ်းဖြတ်လျောက်သူများအား သူတို့ဆီသို ရွှေရောင်းရန် ဆွဲငင်ခေါ်နေကြသာ့်မှာ ရုတ်ပျက်လှပါသည်
ထိုရွှေဝယ်သည့် ထီးမိုးစျေးဆိုင်လေးများ အပြိုင်အဆိုင် အလုအယက် ရွှေရောင်းမလား ဆွဲယူခေါ်ငင်နေကြသူများအား ကြည့်ပြီး အပြန်လမ်းတစ်လျောက်တွင် မမ တွေးမိသည်ကတော့

ခေတ်ကာလ အခြေအနေပေါ်မူတည်ပြီး ထွက်ပေါ်လာသည့် စီးပွားရေး လုပ်ငန်းတစ်ခုပင် ဖြစ်သည်ကို နာလည်မိရပါတော့သည်
ကျမ မိဘများလက်ထက်မှစပြီး အခုချိန်ထိ ရွှေလုပ်မည်ဆိုလျင် နာမည်ကြီးပြီး အလျော့တွက်အလေးချိန်မှန်ကန်ပြီး ခိုင်မာမှု့ရှိသည့်ရွှေဆိုင်များတွင်သာ လက်ဝတ်လက်စား ရွှေထည် ပစ္စည်းများအား လုပ်ယူစုဆောင်းပြီး ပြန်ရောင်းချင်ပါကလည်း မိမိလုပ်ခဲ့သည့်ဆိုင်တွင်သာ ဘောင်ချာနှင့်တကွ တက်စျေးကျစျေး အတိုင်းရောင်းချခဲ့သည်သာဖြစ်ပါသည်
ရွှေလုပ်ထားသည့်ဘောင်ချာ ပျောက်ပျက်ပါက ခိုးရာပါ ပစ္စည်းအလား မည်သူမှမဝယ် အနှိမ်ခံရမည်သာဖြစ်သည်
ယခုတွင်တော့ လမ်းဘေးဝဲယာတွင် ရွှေရောင်းသည့်ဆိုင်လေးများမဟုတ်ဘဲ ရွှေအဝယ်သက်သက်ဆိုင်များဖွင့်ကာ ဘောင်ချာမလို ပေါက်စျေးနဲ့လည်းမဆိုင် ရောင်းသူဝယ်သူ ညှိနိုင်းစျေးဖြင့် ဝယ်နေကြသည်မှာ ခိုးရာပါ ရွှေထည်ပစ္စည်းများ ရောင်းပါက ဝယ်သည့်ဟု ဆိုင်းဘုတ်မတတ်ရုံသာ ကျန်ပါတော့သည်

ယခုကာလ ခိုးဆိုးလုနိုက် ဆဲကြိုးဖြတ်ပြေး နေရာတိုင်း အချိန်တိုင်း ဖြစ်ပျက်မှေုနဲ့ အတူ အခုလို ရွှေဝယ်သည့်လုပ်ငန်းကလည်း ခေတ်နှင့် အညီ လိုက်ဖက်နေသည့် စီးပွားရေး လုပ်ငန်းဟု တွေးမိခဲ့ရပါတော့သည်