ဘာကြောင့်ညာကြောင့်

macn(40)
Published in
#esteem
Words
79
Reading
1 min
Listen
Play
8y

ဘဝမှာ ဘာအတွက် အသက်ရှင်မှာလဲ ဆိုတာ သိဖို့က အရေးကြီးလှပါတယ်။
ကိုယ့်ကိုယ်ကို ဘယ်သူမှန်း မသိခြင်း
တစ်ခါတစ်လေ ကိုယ့်ရဲ့လုပ်ရပ်တွေအပေါ် စိတ်တိုင်းမကျ ဖြစ်တက်ပါတယ်။ အဲဒါ ကိုယ်ဘာဖြစ်ချင်မှန်း မသိသေးလို့ပါ။ ဝါသနာပါတာကတစ်ခု လုပ်နေတာက တစ်ခု ဖြစ်နေတက်ပါတယ်။

လူသန်းပေါင်းများစွာဟာ အတိတ်က မကျေနပ်စရာတွေအပေါ်မှာပဲ တနုံ့နုံ့ တွေးပြီး မကျေမနပ် ဖြစ်တက်ကြတယ်။ ကျွန်တော်တို့ဟာ ရှုံးနိမ့်မှာကိုလည်း ကြောက်တက်ကြတယ်။ နေ့စဉ် အကြောက် တရားတွေနဲ့ ဖြတ်သန်းနေမှတော့ အောင်မြင်ဖို့ဆိုတာ ခက်မှာပါ။

ငါအလုပ်လုပ်ချင်တယ်လို့ ပြောတက်ကြတယ်။ ဒါပေမယ့် ဘာအလုပ်ကို လုပ်ချင်မှန်းဆိုတာ တိတိကျကျ မသိကြပါဘူး။ ရုံးစာရေးလား၊ စာရင်းကိုင်လား၊ ပညာရှင်လား စသဖြင့် ကိုယ်ဘာလုပ်ချင်တာလဲ ကွဲပြားတိကျတဲ့ အရာတစ်ခု ဆုပ်ကိုင်ထားဖို့ လိုပါတယ်။

စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
စိတ်ကူးအိပ်မက်ကြီးတစ်ခုတော့ ရှိပါရဲ့။ ဒါကိုအကောင်အထည် ဖော်ဖို့ အစီအစဉ်မရှိဘူးဆိုရင်လည်း အလကား ပါပဲ။ အိပ်မက်ပန်းတိုင်ကို ဘယ်လိုသွားမယ်ဆိုတာမျိုးတော့ စိတ်ကူးထားသင့်ပါတယ်။

ကိုယ့်ရဲ့ အချိန်အတော်များများ ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းသင်းမိနေလဲဆိုတာ ပြန်တွေးကြည့်လိုက်ပါ။ သင့်ရဲ့ ပန်းတိုင်းကို သွားဖို့ သင့်တော်တဲ့ သူမျိုးတွေလား ဆိုတာလည်း စဉ်းစားကြည့်ပါ။ လူမှန်နေရာမှန် ပေါင်းသင်းဖို့တော့ လိုအပ်မှာပါ။

ဘာကြောင့်ညာကြောင့် | Ecency