အတိတ်ကိုပြန်မတွေးနဲ့

macn(40)
Published in
#esteem
Words
59
Reading
1 min
9y
Listen to this post
~1 min

သင့် လက်ထဲ မှာ သာ ရှိပါ တယ်.....

သိပ်တည်ငြိမ် ရင့်ကျပ် သူ တစ်ယောက်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့
လူတစ်ယောက် မှာ..
တည်ငြိမ်ရင့်ကျက်တဲ့အပြုံးမျိုး
ရှိတတ်တယ်တဲ့……

ဟုတ်ပါတယ်!
ခုချိန်မှာ ရင့်ကျက်သလောက်
အတိတ်မှာ အလူးအလဲ
ဒဏ်ရာတွေရခဲ့ နာကျင်ခံစားခဲ့ရ သူ တွေချည်း ဖြစ်နေတတ်ပါတယ်..

ကိုယ့်ကိုတန်ဖိုးမထားသူတွေအတွက်
မာန နဲ့ သိက္ခာတွေ အကြိမ်ကြိမ် မြေကြီးထဲပစ်ချခံခဲ့ ဖူး ခဲ့ရင်..

မွန်းကြပ်နေတဲ့ စိတ်တွေနဲ့
ရည်ရွယ်ချက်ပျောက်ကွယ်
ဘဝက သုည ကြုံတွေ့ ခဲ့ဖူးရင်..

ဘဝမှာရခဲ့ဖူးတဲ့နာကျင်စရာတွေကို
အကောင်းဆုံး သင်ခန်းစာယူ……ပါ
ကိုယ်ရခဲ့တဲ့ ဒဏ်ရာကို
ကိုယ်တိုင်ဘဲ ပြန်ကုဖို့ပဲကြိုးစားပါ……

လွယ်လွယ်နဲ့ အရှုံးပေးမလား..
ခေါင်းမော့ရင်ကော့ လောကကြီးထဲ
ဆက်လက်ရှင်သန်မလား?
သေချာ ဆင်ခြင်ဆုံးဖြတ်ပါ……

သင့်ဘဝဟာ…
သင့်လက်ထဲမှာ သာရှိ နေတာ အသေအချာဘဲမို့ပါ..

image

အတိတ်ကိုပြန်မတွေးနဲ့ | Ecency