Hair

Words
104
Reading
1 min
Listen
Play
8y

ဆံနွယ်တွေကျန်းမာဖို့ ဒါစားကြည့်ပါလား

ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တင်စားကြပါတယ်။

ကိုယ့်ရဲ့ ဆံပင်လေးတွေက ကျန်းမာသန်စွမ်းနေရင် ကိုယ်တိုင်လည်းစိတ်ချမ်းသာသလို အများအမြင်မှာလည်းကြည့်ကောင်းနေ စေမှာပါ။

ဆံပင်တွေကိုကောက်လိုက် ဖြောင့်လိုက် အရောင်ဆိုးလိုက်ခဏခဏလုပ်လို့ ပျက်စီးသွားတဲ့အခါ ပြန်ပြီး ကျန်းမာ သန်စွမ်းလာအောင်လို့ အစားအသောက်ပုံစံကိုပြောင်းလဲလိုက်ပြီး ပြန်လည်ကုစားလို့ရနိုင်ပါတယ်။

(၁) ကဆီဓာတ်ပါဝင်တဲ့ငါး

ကဆီဓာတ်ပါဝင်မှုများတဲ့ ငါးတွေက ဆံပင်ထူထဲစေဖို့နဲ့ အရှည်မြန်လာစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ငါးကွမ်းရှပ်လိုငါး အမျိုးအစားတွေမှာဆိုရင် Omega 3 နဲ့ အဆီဓာတ်ပြည့်ဝစွာ ပါဝင်လို့ ဆံပင်တွေသန်စွမ်းစေဖို့ အားဖြည့်ပေးမှာပါ။

(၂) အမဲသား

အနီရောင်အသားတွေက အံ့သြစရာကောင်းအောင်ဆံပင် အတွက် အားဖြည့်နိုင်စွမ်းရှိပါတယ်။ အနီရောင်အ သားတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာ ပါဝင်လို့ ဆံပင်တွေအရောင်တောက်ပဖို့နဲ့ ကျန်းမာစေဖို့ ပံ့ပိုး ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက အသားတွေကို အလွန်အကျွံစားမိရင် မကောင်းတာ ကြောင့် တစ်ပတ်တစ်ကြိမ်စားသုံးတာ ပိုသင့်တော်ပါတယ်။

(၃) မုန်လာဥနီ

မုန်လာဥနီကို ဖျော်ရည် ဒါမှမဟုတ် အစာညှပ်အနေနဲ့ထည့်စားရတာကို လူတော်တော်များများ ကြိုက်နှစ်သက်ကြပါတယ်။ မုန်လာဥနီမှာဆိုရင် ဗီတာမင်အေပါဝင်တာကြောင့် ဦးရေပေါ်က မွှေးညှင်းပေါက် တွေကို ကောင်းမွန်စေတဲ့အတွက် ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

(၄) ထောပတ်သီး

ထောပတ်သီးက ဆံပင်တွေကောင်းအောင်လုပ်နိုင်ဖို့ အိမ်တွင်းနည်းလမ်းကောင်းလေး ဖြစ်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင်အီးကြွယ်ဝစွာပါဝင်တာကြောင့် ဆံသားတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ထောပတ်သီးအနည်းငယ်၊ ငှက်ပျောသီးနဲ့ သံလွင်ဆီတို့ကိုရောပြီး ဆံပင်အတွက်ပေါင်းတင် ပေးနိုင်ပါတယ်။

(၅) သစ်ကြားသီး

အခွံမာသီးတွေက ကျန်းမာရေးနဲ့သင့်တော်ပါတယ်။ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ Omega 3 နဲ့ဗီတာမင်အီး တွေပါဝင်တာကြောင့် ဆံပင်အတွက်လိုအပ်တဲ့ အာရတွေရဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။
Screenshot_2018-07-18-19-04-51-970_com.telenor.ads.png
Written..lwutlatt@lwutlatt
Photo..Google

Hair | Ecency