နယ်လှည့် ဈေးသည်

lwanwai(59)
Published in
#esteem
Words
87
Reading
1 min
7y
Listen to this post
~1 min

နယ်လှည့် ဈေးသည်

ကျွန်တော် တို့ အရပ်ဒေသ တွေဘက်မှာတော့ မြို့တွေဖက်က ဈေးသည်တွေ အလာများကြပါတယ်။
တစ်ချို့က စောင် တစ်ချို့က အင်္ကျီ အဝတ်အစား
တစ်ချို့က အိုးခွက်ပုဂံ အမျိုး အစားစုံစွာ လာရောက် ရောင်းချကြပါတယ်။

oy05wtr2rl.jpg

ဈေးသည် အများစုက လက်းငင်းထက် ပြာသိုလ ပေး ဆိုပြီးရောင်းချကြပါတယ်။
အိမ် နေရာ ရွာ နာမည် မှတ်ပြီးတော့မှပေါ့ဗျာ။
တစ်ပြာသိုဆို ဘယ်လောက်ဈေး နှစ်ပြာသို ဆို ဘယ်လောက်ဈေးနဲ့ ရောင်းချကြပါတယ်။

သူတို့ ရောင်းချတဲ့ဈေးကတော့ ဈေးကြီးတာပေါ့ဗျာ။
မြို့ပေါ်မှာ တစ်သောင်း တန်တဲ့ပစ္စည်းကို သုံးသောင်းလောက် ရောင်းချကြပါတယ်။
ဒီလောက်ထိဈေးကြီးတာတောင် အရပ်ထဲရွာထဲမှာ ဒီဈေးသည်တွေ ရောင်းမလောက်ဘူးလေ။
ဘာလို့လဲ ဆိုတော့ လက်ငင်းမှ မပေးရတာပေါ့ဗျာ။
နောက်တစ်နှစ်လောက် နေမှ ပေးရတာဆိုပြီး ယူကြတာပေါ့ဗျာ။

ကဲ ကျွန်တော့် မိတ်ဆွေ တို့ကရော နယ်လှည့်ပြီး ဈေးရောင်း မလား ဒါမှမဟုတ် နောက်တစ်နှစ်နေမှ ပေးရတယ် ဆိုပြီး ဈေးဝယ်ကြမလား။
ကျွန်တော်လည်း Steem ဈေးက ဘာမှ မရှိ အလုပ်မရှိနဲ့ ဈေးရောင်းစားမလား စိတ်ကူးတယ်။
တစ်ကယ်တော့ ကျွန်တော် နယ်လှည့်ပြီး ဈေး မရောင်းရဲ ရပါဘူးဗျာ 😁😁။

MSC 045
lwanwai@lwanwai

နယ်လှည့် ဈေးသည် | Ecency