ဘဝ °°°°°°°

lusoelay(35)
Published in
#news
Words
71
Reading
1 min
Listen
Play
9y





အဆင်မပြေတာတွေ များလွန်းလို့

ဘဝကို တန်ဖိုးမထား အရှုံးပေးချင်နေတာလား ?

ဘဝဆိုတာ လျှို့ဝှက်ခြင်းတွေနဲ့ ဖွဲ့စည်းထားတာပါ။

ဘယ်တော့ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုတင်သိနိုင်စွမ်းမရှိဘူးလေ။



အောင်မြင်မူက မိုးအထိမြင့်မားတဲ့နေရာ ရောက်နေပါစေ

အောင်မြင်မူကို လိုချင်ရင်တော့ မရောက်ရောက်အောင်

လှေကားထောင်လို့ အောက်ခြေကနေ တဖြည်းဖြည်း တက်လှမ်းရမှာပဲ မဟုတ်လား ?



အခက်အခဲတွေရဲ့ အဆုံးမှာ အောင်မြင်မူဆိုတာ ရှိပါတယ်။

တကယ်တော့ ဘဝဆိုတာ ချစ်သူတစ်ယောက်ရထားသလိုပါပဲ။

တဖြည်းဖြည်းချင်း နာကျင်အောင် ဒုက္ခပေးတတ်သလို တဖြည်းဖြည်းပျော်ရွှင်အောင်လည်း ကြည်နူးခြင်းတွေကို ပေးတတ်ပါသေးတယ်။

ကလေးဆန်တဲ့ ချစ်သူတစ်ယောက်လိုလည်း

အဆင်ပြေလိုက်, မပြေလိုက်, ဝမ်းနည်းလိုက်, ပျော်ရွှင်လိုက်နဲ့လည်း ဖြစ်တတ်ပါသေးတယ်။



အဆိုးပြီးရင် အကောင်းတွေရောက်လာမှာ မလွဲဘူးလေ။



ဆေးဘက်ဝင်တဲ့ အပင်တွေဟာ ခါးသီးသလိုပဲ အောင်မြင်မူပန်းတိုင် ရောက်ဖို့အတွက်တော့ ခက်ခဲကြမ်းတမ်း ခက်ထန်မူတွေဆိုတာ ခါးသီးလွန်းနေမှာက အမှန်ပါပဲ။



ဘဝကို စိတ်ပျက်အားလျော့မသွားပါနဲ့။



မဖြစ်နိုင်ဘူးဆိုတာ မရှိလို့ ကိုယ့်မှာရယူချင်တဲ့ ဆန္ဒတွေသာရှိရင် နည်းလမ်းဆိုတာ ပေါ်လာစမြဲပါ။



ဒါကြောင့် ဘဝကို ချစ်သူတစ်ယောက်လို လေးနက်တဲ့ ခံစားမူ့နဲ့ တန်ဖိုးထားပေးပါ။


ဘဝ °°°°°°° | Ecency