Clean yourself

lulaygm(30)
Published in
#esteem
Words
38
Reading
1 min
Listen
Play
8y

ဒါ ရှက်စရာ မဟုတ်ဘူး သားတို့သမီးတို့။

image

လူသွားများတဲ့ လမ်းပေါ်မှာဆိုင်းဘုတ်ကိုင်
တာလဲ ရှက်စရာ မဟုတ်ဘူး သားတို့သမီးတို့။
လူရှုတ်ကားရှုတ်တဲ့ကားလမ်းပေါ်
အမှိုက်ကောက်တာလဲ ရှက်စရာမဟုတ်ပါဘူး
သားတို့သမီးတို့။

နာရေးကူညီတာတစ်ခုတည်းကုသိုလ်ရတာမဟုတ်ဘူး သားတို့သမီးတို့။
ဆေးကူညီမှုပေးတာတစ်ခုတည်းနဲ့လည်း ကုသိုလ်ရတာမဟုတ်ဘူး သားတို့သမီးတို့။
လူတွေရဲ့လိုက်နာရမယ့်ကျင့်ဝတ်ကိုပညာပေးတာ
လူတွေရဲ့လူ့စည်းကမ်းကိုကိုယ်တိုင်
အပင်ပန်းခံပြီးရှေ့
ဆောင်လမ်းပြလုပ်ပေးတာ ကလည်း
အင်မတန်မြင့်မြတ်တဲ့ကုသိုလ်တရားဘဲ
သားတို့သမီးတို့ရေ။
သားတို့သမီးတို့ချစ်တဲ့မင်းသားကြီးဦးကျော်သူ
လည်းသားတို့သမီးတို့လိုနေခြစ်ခြစ်တောက်ပူနေတဲ့
အထဲရေစိုကြီးနဲ့လမ်းမကြီးပေါ်မှာ
"ကိုယ့်အမှိုက်ကိုယ်ရှင်း"ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုင်လို့
ဟိုဖက်လမ်းကူးလိုက်ဒီဖက်လမ်းကူးလိုက်နဲ့ပါကွာ။

ယနေ့ကျွန်တော်နဲ့အတူပါတ်ဝန်းကျင်သန့်ရှင်း
ရေးအတွက်အမှိုက်များလိုက်ပါကောက်ပေးကြသော
ပရဟိတသားငယ်သမီးငယ်များအားလုံးကို
လေးစားဦးညွှတ်လျက်ပါ။
( ကျော်သူ )

image
image
image
image

Clean yourself | Ecency