Htoo Char Mu

lthu(36)
Published in
#esteem
Words
276
Reading
2 min
Listen
Play
8y

✿ ကျောင်းတိုက်ဆရာတော်က ကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်ခဲ့မှု အပေါ် ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဟု လူမှုရေးဝန်ကြီးဆို ✿

ကျောင်းတိုက်ဆရာတော်က ကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်မှု ဖြစ်ပွား


image
ပုသိမ်မြို့နယ်၊ရေသိုးကျေးရွာ စိတ္တသုခကျောင်းတိုက်ဆရာတော်ကို ကလေးငယ်၎ ဦးအား အဓမ္မပြုကျင်ခဲ့မှုဖြင့် သလွပ်ခွာနယ်မြေရဲစခန်းတွင် ၃၇၆ဖြင့် အမှုဖွင့်ထားကြောင့် ရေသိုးကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

" ကျောင်းပိတ်တဲ့အခါ ပြန်၊ ကျောင်းဖွင့်ရင်ပြန်လာ ကူညီထောက်ပံ့ပေးတယ်၊ ကျောင်းစားမေးပွဲပြီးသွားတော့ ကလေးတွေ အောက်မေ့တယ် နေမကောင်းတယ်အခါမှာ နှိပ်နင်းပေးဖို့ခေါ်ယူခြင်းပေါ့ ။ မိဘတွေက ထောက်ပံ့ထားတဲ့ ကျေးဇူးပေါ့ လွတ်ပေးတယ်။ သူက ရိုးရိုးသားသားမဟုတ်ဘဲ ပြုကျင့်တယ်ပေါ့ ”ဟု ရေသိုးကျေးရွာ ရာအိမ်မှူး ဦးအေးရွှေကပြောသည်။

ပြုကျင်ခံရသည့် ကလေးငယ်များမှာ ကျောင်းပညာသင်ကြားရင် ကူညီထောက်ပံ့ပေးရန် ကျောင်းတွင် ခေါ်ယူထားသည့် ပထမတန်း၊ ဒုတိယတန်း၊ စတုတ္တတန်း ကျောင်းသူများဖြစ်ပြီး ဧပြီလ၂၅ ရက်နေ့တွင် သလပ်ခွာ နယ်မြေရဲစခန်းတွင် ပ၄၂/၂၀၁၈ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။

ရိုက်ကူး-စည်သူမောင်မောင်


image
"ကျောင်းတိုက်ဆရာတော်က ကလေးငယ် ၄ ဦးအား အဓမ္မပြုကျင့်ခဲ့မှုအပေါ် ချက်ချင်းအရေးယူ ဆောင်ရွက်မည်ဟု လူမှုရေးဝန်ကြီးဆို"


ပုသိမ်မြို့နယ်၊ရေသိုးကျေးရွာ စိတ္တသုခကျောင်းတိုက်ဆရာတော်က ကလေးငယ် ၄ ဦးအား အဓမ္မပြုကျင်ခဲ့ သည့်အပေါ် ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်ဖြင့် ချက်ချင်းအရေးယူသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး လူမှုရေး ၀န်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

“ ဒီလိုကိစ္စမျိုးတွေ ဖြစ်ပွားလာရင် ချက်ချင်းအရေးယူဆောင်ရွက်နိုင်တယ်၊ အရေးယူဆောင်ရွက်တဲ့ အပေါ်မှာ ပြစ်မှုပြစ်ဒဏ် ထင်ရှားတဲ့၊ ထိရောက်တဲ့ ပြစ်မှုပြစ်ဒဏ်ဖြစ်ဖို့  တိုင်းဒေသကြီးအစိုးရ လုပ်ဆောင်သွားဖို့ ရှိပါတယ်၊ဖြစ်ပွားခံရတဲ့ ကလေးတွေမှာ ကျောင်းတက်နေတဲ့ ကလေးရော၊ ကျောင်းမတက်တဲ့ ကလေးတွေပါ ကျူးလွန်ခံနေရတယ်၊ အသိပညာပေးလုပ်တယ်။ ကျောင်းတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ မိဘများကို ခေါ်ပါမယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုလည်း အသိပညာပေးထားဖို့ လိုပါတယ်” ဟု တိုင်းဝန်ကြီးက ဆိုသည်။

ပြုကျင့်ခံရသည့် ကလေးငယ်များမှာ ကျောင်းပညာသင်ကြားရန် ကျောင်းတွင် ခေါ်ယူထားသည့် ပထမတန်း၊ ဒုတိယတန်း၊ စတုတ္တတန်း ကျောင်းသူ ၄ ဦး ဖြစ်ပြီး ကျူးလွန်ခံရသူ ကလေးငယ် ၃ ဦးဘက်မှသာ ဧပြီလ၂၅ ရက်နေ့တွင် သလွပ်ခွာနယ်မြေရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင့် ရေသိုးကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

အမှုဖွင့်ခံထားရသည့် ဆရာတော်ဥူးနန္ဒသီရိမှာ သက်တော် ၅၆နှစ် ၀ါတော် ၇ ၀ါရှိပြီး၊ရေသိုးကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် တစ်ပါးတည်း သီတင်းသုံးလျှက်ရှိပြီး၊ ယခုအခါ အမှုဖွင့်သည့်နေ့တွင် ကျောင်းမှ ထွက်ပြေးသွားကြောင်းသိရှိရသည်၊

" ကျောင်းပိတ်တဲ့အခါ ပြန်၊ ကျောင်းဖွင့်ရင်ပြန်လာ ကူညီထောက်ပံ့ပေးတယ်၊ ကျောင်းစားမေးပွဲပြီးသွားတော့ ကလေးတွေကို အောက်မေ့တယ်။ နေမကောင်းတယ်အခါမှာ နှိပ်နင်းပေးဖို့ခေါ်ယူခြင်းပေါ့ ။ မိဘတွေက ထောက်ပံ့ထားတဲ့ ကျေးဇူးပေါ့ လွတ်ပေးတယ်။ သူက ရိုးရိုးသားသားမဟုတ်ဘဲ ပြုကျင့်တယ်ပေါ့ ”ဟု ရေသိုးကျေးရွာ ရာအိမ်မှူး ဦးအေးရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်းမှုများ ၂၀၁၇ခုနှစ်တွင် ၁၅၆ မှုနှင့် ၂၀၁၆ ခုနှစ်တွင် ၉၁မှု ဖြစ်ပွားခဲ့သည်။ ၂၀၁၇ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု ၅၆ မှု တိုးဖြစ်ပွားလာပြီး၊ ရန်ကုန်တိုင်းဒေသကြီး တွင် အများဆုံးဖြစ်ပွားပြီး၊ ဧရာဝတီတိုင်းဒေသကြီးမှ ဒုတိယအများဆုံးဖြစ်ပွားကာ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တွင် အနည်းဆုံးဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ရဲတပ်ဖွဲ့အနေဖြင့် တရားခံအား ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရှိရပြီး လူမှုအဖွဲ့အစည်းများကလည်း အဆိုပါကျူးလွန်မှုအပေါ် ထိရောက်သော ပြစ်ဒဏ် ဖြစ်စေချင်ကြောင်း ပြောသည်။

“အခု ကလေးတွေ ဘ၀ကို ခြိမ်းခြောက်လာတဲ့ ပြဿနာတစ်ခုဖြစ်လာတယ်၊ ပြစ်ဒဏ်ကို ထိရောက်တဲ့ ပြစ်ဒဏ်မျိုးဖြစ်စေချင်တယ် ကျေးလက်က ကလေးတွေမှာ ဖြစ်တာများတယ် ။ သူတို့ရော၊ မိဘတွေရော အသိပညာပေးဖို့လိုတယ် ၊သက်ဆိုင်ရာအဖွဲ့ အစည်းတွေအနေနဲ့လည်း ထိရောက်စွာ လုပ်ဆောင်စေချင် တယ်”ဟု ပုသိမ်မြိ့၊ ၊ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့ အစည်းက ဦးစိုးလှိုင်ဦးက ပြောသည်။

သက်ငယ်မုဒိမ်းမှုများ ပြစ်ဒဏ်အား သေဒဏ်ပေးရန် မြန်မာနိုင်ငံတွင် မြို့နယ်အချို့ တွင် တောင်းဆိုမှုများ ပြုလုပ်နေပြီး၊အချို့ မြို့ များတွင် လက်မှတ်များ ကောက်ခံပြီး လွှတ်တော်များသို့ ပေးပို့ရန် လုပ်ဆောင်နေကာ သက်ငယ်မုဒိမ်းမှုများတွင် အသက်၁၆ နှစ်အောက် မုဒိမ်းပြုကျင့်ခံရမှုများ အများဆုံး ဖြစ်သည်။

image

Htoo Char Mu | Ecency