သိပ်ကိုသာယာအောင်မြင်ကြတဲ့ ရီလေးရှင်းရှစ် တည်ဆောက်နိုင်သူတွေ ...
မည့်သို့ပင်အဆင်ပြေပါတယ်ဆိုစေကာမူ ...
လူနှစ်ယောက်ပေါင်းစပ်ရတဲ့အခါ ...
ညှိယူရမှုတွေနောက်မှာ ဖော်ပြဖို့မကုန်နိုင်တဲ့အကြောင်းအရာများစွာရှိမယ်ထင်ပါတယ်.
တစ်ချို့ အသည်းကွဲလို့လာရင်ဖွင့်တဲ့အခါ ...
မနှစ်သိမ့်မိဘဲ ဖြစ်သင့်တာကို ဒဲ့ ပြောမိလို့ ...
တစ်ခါတစ်ခါ ပြောပြီးမှ စိတ်မကောင်းဖြစ်ရတယ် ...
အချစ်ကချိုခါးတဲ့ ... ချိုတဲ့အခါလည်းချိုသလို ခါးတဲ့အခါလည်းခါးတယ်ပေါ့ ...
အချစ်အကြောင်း သိပ်နားမလည်ပါဘူး ...
သိတာက အချစ်ဟာ ချိုချဉ်ငန်ဖန်စပ်ခါး အစုံသုပ်လိုဘဲ ...
ပုံမှန်ဆို စသဘောကျခါစမှာ အချိုလေးတွေပေး ...
ရည်းစားဖြစ် ... ချိုနေသေးတယ်ပေါ့ ...
အချိန်ကြာလာတော့ ... စ ဖန် ချဉ် ငန် စပ်လာရော ...
ဒီလိုနဲ့ အိမ်ထောင်ပြု ...
အိမ်ထောင်ရေးသက်တမ်းကြာလာရင် တစ်ချို့များ တူးခါးကုန်တာမလား ...
ကျင့်သုံးခဲ့တဲ့ ... ကျင့်သုံးနေဆဲ သီအိုရီလေးပေါ့ ...
ပရိုစီဂျာက ပြောင်းပြန် ...
အစမှာ မခံနိုင်အောင်တူးခါးနေတဲ့ အခါးတွေပေး ...
အခါးတွေခံနိုင်ရည်ရှိသွားတော့ ...
မခံမရပ်နိုင်အောင်စပ်တဲ့ အစပ်တွေပေး ...
အစပ်တွေ ကျော်ဖြတ်နိုင်တော့ ...
ချဉ် ငန် ဖန် တာတွေပေး ...
တော်တော်များများကတော့ ...
အခါး နဲ့ အစပ်မှာတင် အလံဖြူပြသွားကြတယ် ...
အဆင့်တွေအားလုံးကျော်ဖြတ်နိုင်သူဆိုတာ ရှားတယ်မလား ...
ကိုယ့်ရဲ့ မခံနိုင်အောင် ခါး စပ် ချဉ် ငန် ဖန်တွေကျော်ဖြတ်နိုင်သူဟာ ... ကိုယ် ယုံကြည်မိပါတယ် (ရာနှုန်းပြည့်တော့မဟုတ်ပါ) ...
တစ်ဘဝလုံးစာ ကိုယ့်သည်းညည်းခံနိုင်မယ့်သူ ...
ကိုယ် ဘယ်လို ပုံစံဖြစ်ဖြစ် ... ပုံဆိုးပန်းဆိုး ဒေါသဖြစ်နေနေ ...
ကိုယ့်ဘဝမှာ ဘယ်လိုရှုံးနိမ့်မှုတွေရှိနေနေ ...
ကိုယ်ဘယ်လောက်ရစ်ရစ် ...
ကိုယ်ဘယ်လောက်ဆိုးဆိုး ...
ကိုယ့်လက်ကို သူ မြဲမြဲတွဲ သူနဲ့ကိုယ်ရေစက်ရှိသ၍ သူ ကိုယ့်အနားက ဘယ်တော့မှ မခွာဘူးဆိုတာပါဘဲ ...
(ဒီလမ်းစဉ်လေးဟာ ကိုယ့်ဘာသာ ခံစားမိပြီး ကျင့်သုံးနေတာမို့ ကိုယ်တစ်ယောက်တည်းရဲ့ ခံစားချက်သက်သက်ပါ)
တစ်ခုလေးခံစားပြောနိုင်တာက ...
ကိုယ့်ကို တကယ်ချစ်ခြင်းမေတ္တာရှိသူဟာ ကိုယ်မျက်ရည် (နာကျင်မျက်ရည်) ကျအောင်မလုပ်ပါဘူး.
ကိုယ့်ကို မျက်ရည်ပါစေလိမ့်မယ် ... သူ့ချစ်ခြင်းမေတ္တာနွေးထွေးမှု ကိုယ့်နှလုံးသားကိုစီးမျောလို့ ဝမ်းသာကြည်နူးပီတိဖြာဖြာကျရတဲ့မျက်ရည်ပါ.
ဆရာတော် ရှင်ဆန္ဒဓိက ဟောကြားတဲ့ တရားတော်ထဲကလို ချစ်ကံကောင်းဖို့ဆိုတာ အကောင်းကံချစ်ဖို့လိုပါတယ်.
ဒီဘဝ အချစ်ကံမကောင်းရင် အတိတ်ဘဝက အကောင်းကံမချစ်ခဲ့လို့မို့ ဒီဘဝ အကောင်းကံတွေချစ်ကြရမှာပေါ့ ...
ဘယ်လိုဖြစ်ဖြစ်လေ ...
ကိုယ့်နားမှာ ကိုယ့်ဟာကိုယ်ဖြစ် လက်ခံနိုင်သူရှိ တယ်ဆို ...
တန်ဖိုးထားပါ ...
လေးစားပါ ...
သူ့လက်ကို မြဲမြဲဆုပ်ကိုင်ထားပါ ...
သက်ဆုံးတိုင်ထိ ...
❤️🎁❤️ ချစ်ရသူအတွက် ... လက်ဆောင် ❤️🎁❤️
အကောင်းဆုံးသော လက်ဆောင်ထဲက တစ်ခုက ' အချိန် ' တဲ့ ...
ကိုယ့်ရဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေမှာ ...
အချိန်တိုင်းက တန်ဖိုးရှိတယ် မဟုတ်လား ...
ဥပမာ ... လူတစ်ယောက်က တစ်လဘဲအသက်ရှင်တော့မယ်ဆိုပါတော့ ...
နေ့ရက်တိုင်းရဲ့ စက္ကန့်တိုင်းက သူ့အတွက်အဖိုးတန်တယ်.
ဘယ်နေ့သေရမယ် မသိတဲ့ဘဝမှာ ...
ကိုယ်ဟာ သူတစ်ပါးဆီက သူအသက်ရှင်ခွင့်ရတဲ့နေ့ရက်တိုင်းရဲ့ အချိန်တွေကို ရရှိနေတယ်ဆို တန်ဖိုးထားရမှာပေါ့ ...
သူ့ဆီက ' လက်ဆောင် ' ဟာ ...
စိန်တွေ ရွှေတွေ တန်ဖိုးကြီးလက်ဆောင်မှ အဖိုးတန်လို့ သတ်မှတ်မယ်လား ?
မသတ်မှတ်ပါနဲ့ ...
တကယ့်အဖိုးတန်လက်ဆောင်ဆိုတာ သူကိုယ့်ကိုပေးနေတဲ့ သူရှင်သန်နေတဲ့နေ့ရက်တွေထဲက ' အချိန် ' တွေပါ ...
ကိုယ်ချစ်ခင်ရသူတွေကို အချိန်ပေးပါ ...
တစ်နေ့ ကိုယ့်အနားသူတို့မရှိတော့ရင် ...
သူတို့အတွက် ကိုယ်မပေးခဲ့တဲ့အချိန်တွေအတွက် ...
နောင်တရရမှာစိုးလို့ပါ.
ကိုယ့်ကို ' အချိန် ' ပေးသူတစ်ဦးချင်းစီ အယောက်စိတိုင်းရဲ့ အချိန်တွေကို မြတ်နိုးတန်ဖိုးထားရမှာပေါ့ ...
သူတို့ရှင်သန်ခွင့်ရနေ့ရက်တွေထဲက အချိန်ဆိုတာ သူတို့ရှင်သန်မှု ကိုယ့်ကိုပေးနေတာပေါ့.