မြန်မာစာ အရေးအသား

Words
96
Reading
1 min
Listen
Play
8y

စာရေးမယ် ရေးမယ်နှင့် မရေးဖြစ်ခဲ့ပါ။ လူမှုရေး စီးပွားရေး ကိစ္စများကြောင့် စာရေးရန် နှေးကွေးကျန့်ကြာနေခဲ့ရသည်။ လုံမလေး pageမှ မှားတက်သော မြန်မာစာရေးနည်းများကို နေ့စဉ် ဖြစ်ဖြစ် အပတ်စဉ် ဖြစ်ဖြစ် တင်သွားမယ်လို့ ရည်မှန်းထားပါတယ်။ ပထမဆုံး မြန်မာစာရဲ့ သမိုင်းကြောင်းကနေ စ ပြောကျရအောင်ပါ။

မြန်မာစာ အရေးအသားဟာ ခရစ်တော် မပေါ်မီ ဘီစီ ၃၀၀လောက်က စတင်ခဲ့တာဖြစ်တယ်လို့ ပညာရှင်တွေက လက်ခံထားကျပါတယ်။ မြန်မာစာ အရေးအသားဟာ အိန္ဒိယအနွယ် ဗြာဟ္မီတို့ရဲ့ အရေးအသားနဲ့ အခြေခံအားဖြင့် ဆင်တူပါတယ်။ သမိုင်းသုတေသီ တစ်ဦးမဟုတ်တဲ့အတွက် အတိအကျ မပြောနိုင်ပေမဲ့ လေ့လာမိသလောက် မြန်မာစာပေ အဆင့်ဆင့်ကို အကျဉ်းဖော်ပြချင်ပါတယ်။ရှေးခေတ်မြန်မာစာမှာ ကျောက်စာ မင်စာ ပေစာ ပျူ စာ စသည်ဖြင့် များစွာရှိခဲ့ပါတယ်။

ကကြီးကစလို့ အ အထိ မှားတက်သော မြန်မာစာလုံးများကို ရေးသားသွားမှာ ဖြစ်တဲ့အတွက် က ကနေစလို့ အလျဉ်းသင့်ရာ ရေးသားချင်ပါတယ်။ ဒီနေ့မှာတော့ မြန်မာလိုဖြစ်ပေမဲ့ အဓိပ္ပါယ်သိပ်နားမလည်တဲ့ စာလုံးပေါင်းတွေကို ရှင်းလင်းပြောပြသွားချင်ပါတယ်။ ပထမဦးစွာ

ကစိမ်းကဝါး ဆိုတဲ့ စကားနဲ့ စတင်ချင်ပါတယ်။ ကစိမ်းကဝါးဆိုတာကတော့ စူးစူးစိုက်စိုက်လို့ အဓိပ္ပါယ်ရပါတယ်။ အလုပ်တစ်ခုကို အာရုံစူးစိုက်တာကိုဆိုလိုတာပါ။

ကတောက်ကဆက် ဆိုတဲ့စကားကတော့ စိတ်သဘောထား မညီညွှတ်တာကို ဆိုလိုပါတယ်။

ကမ ကထ ဆိုတာကတော့ ဦးစီးဦးဆောင် လုပ်တာကို ဆိုလိုပါတယ်။

ဒီနေ့တော့ ဒီလောက်ပါဘဲရှင့်။ နောက်နေ့တွေမှာလည်း ပြန်လည်ဆုံတွေ့ပါအုံးမယ်။

lonemalay@lonemalayIMG_20180719_170806.png

မြန်မာစာ အရေးအသား | Ecency