ထို ည

Words
38
Reading
1 min
8y
Listen to this post
~1 min

တတိုင်းမွှေးပင် ရနံ့က ညလယ်တွင် သင်းပျံ့ပျံ့လေး မွှေးနေသည်။

လရောင်ဆွတ်ဖြန်းထားသော စံပယ်ပင်အချို့ကို ဖြူလွလွ သဏ္ဍာန် တွေ့မြင်နေရသည်။

လေပြေလေးက တစ်ချက်တစ်ချက် ညှင်သာစွာ တစ်ချက်တစ်ချက် ဝေ့သည်ဆိုရုံမျှ တစ်ချက်တစ်ချက် စိမ့်ကနဲ။

ညည့်ဌက်တို့၏ တချက်တစ်ချက် အော်ဟစ်လိုက်သံသည် တိတ်ဆိတ်သော ညလယ်၏ အလှကို ဖျက်ဆီးနေသယောင်။

ညပိုးကောင်တို့၏ တစီစီ အော်မြည်သံကိုလည်း သေချာနားစိုက်ထောင်လျှင် ကြားနိုင်ပါသည်။

ညသည် လှ၏။ သို့သော် အထီးကျန်ခြင်း တိတ်ဆိတ်ခြင်း မှောင်မိုက်ခြင်း အေးစက်ခြင်းကသာ ကြီးစိုးနေလေသည်။

lonemalay@lonemalay
IMG_20180719_170806.png

ထို ည | Ecency