ယူတို့အဖြစ်ဆိုသည်မှာလည်းနော်
ဗိုလ်ချုပ်သမီးဦးဆောင်တဲ့ ပါတီနဲ့ယှဉ်လို့ရမလားလို့
ဗိုလ်လက်ျာသား ပါတီလာဝင်တယ်ကွလို့
ကြွားမိကာမှ
လာဝင်တဲ့လူက အယောင်ဆောင်အတုဖြစ်နေလို့
တိုင်းသိပြည်သိ အရှက်က ကွဲရရှာတယ်။
🤣အောင်မြင်စွာပြီးမြောက်သွားတဲ့ Digimart Digital Marketing Company ရဲ့ ပွဲဦးထွက် ပွဲအတွက်
ပါဝင်ကူညီကြသူများ အားလုံးနဲ့
ပံ့ပိုးကူညီပေးတဲ့ Bella Cosmetic ကို အထူးကျေးဇူးတင်ရှိပါတယ်။
ကျွန်မတို့ Digimart က ဘာServiceတွေ ပေးလဲဆိုတာလေး ပြောပြချင်ပါတယ်။
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို digitalနဲ့ပတ်သက် တဲ့ မားကတ်တင်းတွေကိုဆောင်ရွက်ပေးပါတယ်
၁- facebook page တွေကိုကိုင်တွေပေးခြင်း digital fliers များဖြန့်ဝေပေးခြင်း
၂- instagram , twitter, pinterest အစရှိသည့် social media များကို တာဝန်ယူ ပို့စ်များတင်ပေးခြင်း
၃-Youtube ကိုတာဝန်ယူ၍ video များကို # ဖြင့် reach များရောက်စေခြင်း
၎-BOT system တည်ဆောက်ပေးခြင်းဖြင့် လူကြီးမင်းတို့၏ message reply ကို auto ဖြေကြားပေးခြင်း
၅- website ကို လိုအပ်ချက်ပေါ်မူတည်၍ ဈေးနှုန်း ၄ မျိုးဖြင့်ဆွဲပေးခြင်း၊ maintainence များပြုလုပ်ပေးခြင်း
၆-Webportal တည်ဆောက်ပေးခြင်းနှင့် payment gateway ထိ ချိတ်ဆက်ပေးခြင်း
၇-online နှင့် offline marketing များ ဆောင်ရွက်ပေးခြင်း
၈-မိမိစီးပွားရေးလုပ်ငန်းပြိုင်ဘက်များ၏ သတင်းအချက်အလက်များကိုရှာဖွေပေးခြင်း
၉- မိမိစီးပွားရေးလုပ်ငန်း အကြောင်းကို မည်သူကမည်သို့ ကောင်းကြောင်း ဆိုးကြောင်း ပြောနေသည်ကို အချက်အလက်ရှာဖွေပေးခြင်း
၁၀-infographic ဟုခေါ်သော မိမိစီးပွားရေးလုပ်ငန်းအကြောင်းကို စာရွက်တစ်ရွက်ဖြင့် လူအများကိုမြင်လွယ်အောင် ပုံဖော်ပေးခြင်း......
ကျွန်မတို့ဆီမှာ Company တွေအတွက် ရေးဆွဲထားတဲ့ Corporate Package နဲ့
SMEလုပ်ငန်းရှင်တွေအတွက် ဈေးနှုန်းသက်သာတဲ့
SME Package တွေလည်း ရှိပါတယ်။
Digimart မှာ လုပ်ငန်းအပ်နှံချင်တာပဲ ဖြစ်စေ
ကိုယ်နဲ့ ကြော်ငြာလုပ်ငန်းတွေ ဆောင်ရွက်ချင်တာပဲဖြစ်စေ
Digimart digital marketing services Pageရဲ့ Message Boxမှဖြစ်စေ
ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။အခုနောက်ပိုင်းမှာ Cyber Bullying နဲ့ ပတ်သက်ပြီး
သုတေသနလုပ်နေကြတဲ့ NGOတွေက
ကိုယ့်ကို တကူးတက Research Interview တွေ လာလုပ်ကြတယ်။
အင်းလေ.... ဖေ့စ်ဘုတ်ပေါ်လည်း ထီခနဲဆို ကိုယ့်ပဲတိုက်ခိုက်နေကြတာဆိုတော့ သူတို့မျက်စိကျလည်း ကျချင်စရာကိုး။
သူတို့မေးတဲ့မေးခွန်းတွေကတော့ အများကြီးပဲ။
Cyber Bullying တွေ ဘာကြောင့်ဖြစ်လာတယ်ထင်လဲတို့
မြန်မာပြည်မှာ သိသိသာသာ အဲ့လိုတွေဖြစ်လာတာ ဘာကြောင့်ထင်လဲတဲ့
Cyber Bullying တွေနဲ့ ကြုံတဲ့အခါ ဘယ်လို ဖြတ်သန်းလဲ ဘယ်လိုရင်ဆိုင်လဲ
ဘာလို့ ထွက်မပြေးသွားလဲတို့။
တစ်ခါတရံ စကားထိုင်ပြောနေလိုက်တာ ၂နာရီလောက်ကြာတယ်။
သူတို့လည်း interview တယ်ဆိုတာ မေ့ပြီး ကိုယ်ပွားသမျှ နားထောင်ကြတော့တာပဲ။
မြန်မာနိုင်ငံမှာမို့ Cyber Bullying တွေဖြစ်တယ်
မြန်မာလူမျိုးတွေ စိတ်ဓါတ်ဘာဖြစ်တယ် ညာဖြစ်တယ်လို့တော့ ကိုယ်မထင်ပါဘူး။
Cyber Bullying ဆိုတာ မြန်မာပြည်မှာမှ မဟုတ်ဘူး
ကမ္ဘာမှာလည်း ရှိတာပဲ။
ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသူတွေလည်း အများကြီးပဲ။
ကိုယ့်နိုင်ငံမှာကတော့ ဖြစ်လာတာ နည်းနည်းမြန်တယ် ပြောရမှာပေါ့။
အခြားနိုင်ငံတွေလို တစ်ဖြည်းဖြည်း တိုးတက်လာတာမဟုတ်ဘဲ
ဆက်သွယ်ရေးနည်းပညာတွေ အများကြီး နောက်ကျခဲ့ပြီးမှ ရုတ်ချဉ်းဝုန်းခနဲ တိုးတက်သွားတဲ့အခါ
Mindsetတွေ Ethicတွေက အများကြီး နောက်ကျန်နေခဲ့တာ။
ဒီကြားထဲ ရပ်ကွက်ထဲ အတင်းလိုက်တုပ်၊
ပေါင်ကြားထဲခေါင်းညှပ် သန်းတုပ် အတင်းပြော
ရပ်ကွက်စရိုက်တွေ ဖေ့စ်ဘုတ်ပေါ် ဒင်းကြမ်းရောက်လာတော့တာ။
ပြင်ပမှာ အဲ့လိုလိုက်ပြောဖို့က ဂုဏ်သိက္ခာအရ နည်းနည်းထိန်းသိမ်းပေမယ့်
ဖေ့စ်ဘုတ်ပေါ်မှာတော့ ဘယ်သူမှမမြင်ရပါဘူးဆိုတဲ့စိတ်နဲ့ အတော်ကြမ်းတမ်းလာတာတော့ သိသာတယ်။
ဦးဆုံး Targetကတော့ လူသိများသူတွေပေါ့။
နောက်ထပ်Targetကတော့ အချင်းချင်းအကြောင်းပေါ့။
လမ်းပေါ်မှာ ဖရဲသီးရောင်းရင်း ဖေ့စ်ဘုတ်မှာ သားကောင်ဖြစ်သွားနိုင်သလို
အချိန်မရွေးလူတိုင်းဟာ ဖေ့စ်ဘုတ်မှာ သားကောင်ဖြစ်သွားနိုင်တယ်။
ဘယ်လိုကျော်ဖြတ်သလဲလို့ မေးရင် ကိုယ်တော့ ရယ်ချင်တာပဲရှိတယ်။
ကိုယ့်ဘဝမှာ ဘာပုံသေနည်းမှ မရှိဘူး။
ဘာဥပဒေသ ဘာပုံစံခွက်မှ မရှိဘူး။
ကိုယ့်ပေတံက တစ်ဖြောင့်တည်းပဲ။
ကိုယ်မှန်ရင် ဘယ်သူမရွှေ့ရွှေ့ ကိုယ့်ခေါင်းက ရွေ့မှာ မဟုတ်ဘူး။
ဘယ်လိုကျော်ဖြတ်လဲဆိုတော့ ဘယ်လိုမှ မကျော်ဖြတ်ဘူး။
ဒီအတိုင်း ဆက်စီးဆင်းသွားရုံပဲ။