လူအ​ရော အ​နှော

linnthu(43)
Published in
#esteem
Words
110
Reading
1 min
Listen
Play
8y

*** လူအ​ရော အ​နှော ***

စိတ်​အ​ရောအ​နှောကိုမှ
ခွဲခြမ်း စိတ်​ဖြာရတဲ့အခါ
ပိုပိုပြီး ရှုပ်​​ထွေး​နေမှန်းသိလာရတယ်​..

အလွယ်​လိုက်​တတ်​တဲ့ ပုထုဇဉ်​သ​ဘောအရ
ဒါ​ကြောင့်
ငါဟာ ဖ​ယောင်းတိုင်​ဖြစ်​​နေတာကိုး...
( ကိုယ့်​​ခြေရင်း အလင်းမ​ပေးနိုင်​သူ)

ရှာ​ဖွေရခြင်းထဲမှာ ​တွေ့ရှိရခြင်း
သ​ဘောတရား​တွေကို
ဘယ်​သူ ထည့်​သိုသွားခဲ့သလဲ..
အမှန်​တရား​တွေချည်းပဲ ရှိတဲ့
ကိုယ့်​ကိုယ်​ကို
သကာ​လောင်းပြီး
ပန်း​ပေါင်းစုံ​နေရတာ
ကိုယ့်​ကိုယ်​ကို မမြင်​မိ​သေးလို့ပါကွယ်​..

ကိုယ့်​ကိုယ်​သိ​တော့လည်း
ကိုယ့်​ကိုယ်​ကို ​ကြောက်​မိတယ်​..
အခုထိ
ခရီးရှည်​ကြီးအလယ်​မှာ
ယောင်​ချာချာနဲ့
မျက်​စိသူငယ်​ နားသူငယ်
ဘယ်​​နေရာမှာမှ
ငါ...
မတည်​မြဲ​သေး...

မ​သေချာခြင်းဆိုတာ
အဲ့ဒီ​လောက်​ ပြင်းထန်​တယ်​ဆိုတာ မသိခဲ့ဘူး
သိမ်​သိမ်​​မွေ့​မွေ့​လေး
လဲ့လဲ့ပြုံးလို့
လက်​သည်းကို ဝှက်​ထားခဲ့တာ
မြင်​မှမမြင်​နိုင်​ခဲ့တာကိုး..

သာယာမှု​တွေထဲမှာ
ငါ....
အဲ့​လောက်​အထိ
နစ်​မြှုပ်​....​နေ...ပါ........တယ်​.....။ ။

I'm Aye Thet Moe. အ​ရော အ​နှော ***

စိတ်​အ​ရောအ​နှောကိုမှ
ခွဲခြမ်း စိတ်​ဖြာရတဲ့အခါ
ပိုပိုပြီး ရှုပ်​​ထွေး​နေမှန်းသိလာရတယ်​..

အလွယ်​လိုက်​တတ်​တဲ့ ပုထုဇဉ်​သ​ဘောအရ
ဒါ​ကြောင့်
ငါဟာ ဖ​ယောင်းတိုင်​ဖြစ်​​နေတာကိုး...
( ကိုယ့်​​ခြေရင်း အလင်းမ​ပေးနိုင်​သူ)

ရှာ​ဖွေရခြင်းထဲမှာ ​တွေ့ရှိရခြင်း
သ​ဘောတရား​တွေကို
ဘယ်​သူ ထည့်​သိုသွားခဲ့သလဲ..
အမှန်​တရား​တွေချည်းပဲ ရှိတဲ့
ကိုယ့်​ကိုယ်​ကို
သကာ​လောင်းပြီး
ပန်း​ပေါင်းစုံ​နေရတာ
ကိုယ့်​ကိုယ်​ကို မမြင်​မိ​သေးလို့ပါကွယ်​..

ကိုယ့်​ကိုယ်​သိ​တော့လည်း
ကိုယ့်​ကိုယ်​ကို ​ကြောက်​မိတယ်​..
အခုထိ
ခရီးရှည်​ကြီးအလယ်​မှာ
ယောင်​ချာချာနဲ့
မျက်​စိသူငယ်​ နားသူငယ်
ဘယ်​​နေရာမှာမှ
ငါ...
မတည်​မြဲ​သေး...

မ​သေချာခြင်းဆိုတာ
အဲ့ဒီ​လောက်​ ပြင်းထန်​တယ်​ဆိုတာ မသိခဲ့ဘူး
သိမ်​သိမ်​​မွေ့​မွေ့​လေး
လဲ့လဲ့ပြုံးလို့
လက်​သည်းကို ဝှက်​ထားခဲ့တာ
မြင်​မှမမြင်​နိုင်​ခဲ့တာကိုး..

သာယာမှု​တွေထဲမှာ
ငါ....
အဲ့​လောက်​အထိ
နစ်​မြှုပ်​....​နေ...ပါ........တယ်​.....။ ။

လူအ​ရော အ​နှော | Ecency