** အတွေး အပိုင်းအစများ ***

linnthu(43)
Published in
#esteem
Words
93
Reading
1 min
Listen
Play
9y

*** အတွေး အပိုင်းအစများ ***

ရင့်သီးနေသာ
သစ္စာတော်အပေါ်သို့
သည်းသည်းမည်းမည်း
သွန်းဖြိုးလိုက်သောမိုးသည်
အငြိုးအတေး ကြီးလို့ပင် ဖြစ်မည် ။

သိုဝှက်ထားသော်လည်း
စူးလက်နေသော ရောင်ပြန်ကိုကား
တားဆီးမရနိုင် ။

အရှုံးသမားဘွဲ့ရသူ၏မျက်ရည်ကိုသာ
မြင်နေသူသည်
သစ္စာကြီးမားသူတစ်ယောက်၏ ဝိဉာဉ်ကို
သွေဖည်ရပေလိမ့်မည် ။

နီသောသွေးသည်
နက်သောဒဏ်ရာကို ကိုယ်စားပြုပါလျှင်
အဖြူရောင်ဖြင့်ပြီးသော
မျက်ရည်စက်တို့ကိုမူ
အဘယ်သို့ စာရင်းထည့်ပါမည်နည်း ။

တစ်ကြိမ်တစ်ခါ မှားလိုက်မိသူသည်
တစ်သက်စာအရှုံးသမား
တစ်ဘဝစာ လူညံ့ဟု စာရင်းသွင်းလိုက်ကြခြင်းမှာ တရားပါ၏လော ။

အဘယ်ကြောင့်ဆိုသော်
အမြဲညံ့သည်ဟူ၍မရှိ ။
တစ်ခဏ မှားယွင်းမှုအပေါ်
ကောက်ချက်ချက်ချပြီး
တစ်ဘဝစာဖိသတ်ကာ
လူညံ့ဟု ခေါ်ဝေါ်သမုတ်ပစ်လိုက်ကြခြင်းကို
ကျွန်ုပ် ပြင်းထန်စွာ ရှုတ်ချ၏။
ဤသို့ဆိုပါလျှင်
လူတော်ဆိုသူများသည်
အမြဲတမ်း မမှားမယွင်း တော်နေကြပါသလော ။

လူကို လူဟု မြင်နိုင်ရန်ကာ
လူသည် လူစိတ်ရှိဖို့လိုမည် ။

အတွေ့အကြုံနှင့် အတွေးအကြံသည်
မည်သူနေရာမှန်ကြပါသနည်း ။
ဖြေရန်ခက်ခဲသော်
မည်သို့ အသုံးဝင်ကြပါသနည်း ဟုဆိုလျှင်
မေးခွန်းတစ်ခုနှင့်
အဖြေနှစ်ခုကို ရပါလိမ့်မည် ။

အိပ်သည့်အခါ မက်သည့်အိမ်မက်သည်
အနာဂတ်အတွက်မက်သည့် အိမ်မက်မဟုတ်
ထို့ကြောင့် ကိုယ့်ပိုင်အိမ်မက်ကို
မည်သို့ တံဆိပ်ကပ်ထားကြပါသနည်း ။

ကိုယ်တိုင်ဖြတ်လျှောက်ရမည့်နေရာတိုင်းတွင်
လမ်းရှိသည် ။
လမ်းသည် မိမိခြေထောက်ပေါ်တွင်သာရှိသည် ဟု ဆိုပါလျှင် မှားသည်ဟု ထင်မြင်မိပါ၏လော ။

** အတွေး အပိုင်းအစများ *** | Ecency