ဘယ်မှာပဲထားထား
ညာမှာပဲထားထား
သူ...... မညိုညင်ခဲ့ဘူး
အပေါ်မှာနေနေ
အောက်မှာပဲနေနေ
သူ.... အပြုံးမပျက်ခဲ့ဘူး
ကဲ....
ကိုယ့်အပေါ် ဘယ်သူပို၍
ကိုယ့်ဖက်လုံးလောက်
ကောင်းနိုင်မလဲ...
အချိန်တွေကကုစားသွားလိမ့်မယ်တဲ့
အချိန်ကသူ့ရာသီစက်ဝန်းအတိုင်းလည်နေရုံသာ
အမှန်တော့လည်ပတ်နေတဲ့အချိန်တွေနဲ့လိုက်ပြီး
ကိုယ့်ဘာသာကို
ကုစားခဲ့ရတာ……
နှစ်သိမ့်ခဲ့ရတာ……
ဖြေသိမ့်ခဲ့ရတာ……
ရှေးဘဝကုသိုလ်ကံကြောင့်''အချိန်''က
အကောင်းဆုံးဆေးဆရာအဖြစ်
ပညတ်ခြင်းခံလိုက်ရပြီး
''ကိုယ်''ကတော့ကိုယ့်အကုသိုလ်နဲ့ကိုယ်ပေါ့
@linkoko