@အမေ့ထံသို့ပေးစာ နှင့်
အမှန်တရားကိုထုတ်ဖော်ခြင်း
#ငယ်ငယ်က ပိုက်ဆံလေး(၂၀၀)
ခိုးမိတာကို အမာရွတ်ကျန်အောင်
ရိုက်ခဲ့တဲ့ အမေ့ကိုအပြစ်တင်မိတယ်
ထိုင်ကြည့်နေရက်တဲ့ အဖေ့ကိုလည်း
အပြစ်မြင်မိတယ်.😥
#သင်္ကြန်မှာ ရေကြာအောင်
ဆော့လို့ဆိုပြီး
နို့ဆီခွက်နဲ့ခေါင်းပေါက်အောင်
ခေါက်ခဲ့တဲ့အမေ့ကို
ငယ်ငယ်က အပြစ်မြင်မိတယ်..😏
#ငယ်ငယ်ကကျောင်းမတတ်ချင်လို့
ရေထဲခုန်ချပြီး ပြန်လာတဲ့အချိန်တိုင်း
ရိုက်နှက်ပြီး ကျောင်းပြန်ပို့ခဲ့တဲ့
အဖေနဲ့အမေကို မုန်းမိတယ်..😬
#ဆယ်တန်းကျောင်းသားဖြစ်ပြီး
စာမကျက်တဲ့သားကို အဖေရိုက်ပြီး
ဆုံးမတုန်းက အပြစ်မြင်မိတယ်..😏
.စိတ်ဒဏ်ရာတွေရဲ့ ထွက်ပေါက်အဖြစ်
မိမနိုင်ဖနိုင် ဆိုးသွမ်းနေရတဲ့ဘဝမှာ
ပျော်နေခဲ့မိပါတယ်....အမေ💃
အမေငိုပြီးဆုံးမတာတောင်
နားထောင်ရမှန်းမသိတတ်ခဲ့ပါဘူး
#အရက်မူးပြီး ဆိုးသွမ်းတဲ့သားကို
အဖေအိမ်ပေါ်က ကန်ချတိုင်း
ပျော်နေခဲ့သော်လည်း
ခြောက်ဘာသာဖြေတာ
ငါးဘာသာလောက်ကျပြီး
ွှမှင်နီနဲ့ သတိပေးခံနေရတဲ့ သားအတွက်
မျက်နှာငယ်နဲ့ အဖေလက်မှတ်ထိုးနေရတာ
မြင်တော့ ..သားဝမ်းနဲမိပါတယ်....
#အပြင်လောကထဲရောက်တော့မှ
မိဘ မေတ္တာကိုနားလည်၍
ပညာရဲ့တန်ဖိုးကို သိလာခဲ့တာပါ..
#နောင်တတွေရလို့ အမေ့အိမ်ကို
ပြန်လာတဲ့အချိန်မှာ
အမေ့ရဲ့တစ်ခုတည်းသောဆန္ဒက
သားကို ၁၀တန်းအောင်စေချင်နေတုန်း
ပဲ..
သြော်..အမေရယ် ....
သားဒီလောက်မသိတတ်ခဲ့တာတောင်
သားအပေါ်မှာအပြစ်မမြင်ခဲ့ဘူးနော်😥😥
(မိဘမေတ္တာက ကြီးမားပါပေတယ်)
စာနဲ့၂နှစ်လောက်ဝေးနေတဲ့
သားအတွက် ၁၀တန်းအောင်ဖို့
မလွယ်ကူလှပါဘူး
#လူတွေရဲ့ အထင်သေးသလို
ကြည့်တဲ့မျက်လုံးတွေ
လူတိုင်းရဲ့ အပြောအဆို
ကဲ့ရဲ့မှုနဲ့ အခက်အခဲ
ဒုက္ခတွေကြားကနေ နောက်ဆုံးမှာ
အမေ့ဆန္ဒပြည့်ဝခဲ့ပါတယ်..
ကိုယ့်မာနကို ထိခိုက်စော်ကား
နေသော်လည်း အမေ့သား
ခေါင်းငုံ့ခံတာ နေသားကျနေပါပြီ။
(ဤစာရေးနေရင်းတောင် အမေတို့
အပေါ် မသိတတ်ခဲ့တာတွေအတွက်
ဝမ်းနည်းလို့ မျက်ရည်ကျခဲ့ပါတယ်
ဤသစ္စာစကားမှန်ကန်ပါက
တစ်နေ့နေ့တစ်ချိန်ချိန်
မိဘကျေးဇူးတရားကို
အကျေဆပ်နိုင်သည့်သူ၊အဆုံးဘဝ
နောင်ကာလ၌ ဘုရားရှင်တို့သိသော
သစ္စာ၎ပါးတရားတို့ကောင်းစွာ
သိနားလည်သောသူ ဖြစ်ရပါစေသား
အရှင်ဘုရား...)
..
@#အမှန်တရားကို ထုတ်ဖော်ခြင်း
ကိုယ့်ထက်အသက်ငယ်သူတွေကြားမှာ
ပညာသင်ယူရနေရတဲ့
သူတွေရဲ့ဘဝဟာ
မလွယ်ကူလှပါဘူးဗျာ....😇😇
ကိုယ်ကသိလို့ စာလိုက်ပြောရင်လည်း
သိမှာပေါ့ကွ သူကအသက်ကြီးနေပြီ
ကျတာလည်း နှစ်တွေကြာပြီပဲ
ဆိုတဲ့ ပြောတဲ့သူတွေကြောင့်
စာသင်တိုင်း နှုတ်ဆိတ်နေရလို့
အခုဆိုရင်
အကျင့်တောင်ဖြစ်နေပါပြီ..
ကိုယ်ချစ်တဲ့ကောင်မလေး
ကိုယ့်ထက်ငယ်နေရင်လည်း
💁.ကိုယ့်အသက်မှအားမနာ
ကိုယ်နှမအရွယ်လေးတောင်
ဖွင့်ပြောရက်တယ်..ကြည့်စမ်းဆိုပြီး
အပြောအဆိုခံရမှာကြောက်လို့
ချစ်နေပါသော်.လည်း..ဖွင့်မပြောရဲကြပေ။
(အချစ်မှာ မျက်စိမပါဘူး
ဆိုတဲ့စကားက မျက်မမြင်သမားတွေ
နဲ့ ကျွန်တော့်အတွက်တော့မှန်တယ်)
လူကြားထဲ ကိုယ့်အသက်ကို
ဆရာမတွေသိအောင် ၊အခြားလူ
တွေသိအောင် ပြောတဲ့
သူတွေကို သက်ချင်လောက်
မကျေနပ်သော်လည်း ပြုံးသလိုနေရင်း
ဒေါသကိုထိန်းထား
လာရတာလောက် နာကျင်တာမရှိပါဘူးဗျာ
....(ဖြစ်နိုင်မယ်ဆိုရင်
သူတို့ကိုအဲ့လို မစ စေချင်ပါဘူး...)
👇👇👇
ကျွန်တော့် ၁၉၉၅ သီတင်းကျွတ်လဆန်း ၆ရက်နေ အင်္ဂါနေ့  .မှာ.မွေးပါတယ်...
::
ကျွန်တော့်စိတ်ထဲမှာတော့ ever ၁၈နှစ်ပါပဲ
အရင်က
...ကျွန်တော့်အကြောင်း သူများသိမှာ
အရမ်းကြောက်ခဲ့ပါတယ်
ဘာလို့လဲဆိုတော့
ကျွန်တော့်ကို အထင်သေးတဲ့
အကြည့်နဲ့ကြည့်မှာ၊ကိုယ့်အားနည်းချက်
ကို အခွင့်ကောင်းယူပြောမှာ၊ကိုယ်ချစ်တဲ့
ကောင်မလေးက ကိုယ့်အသက်သိမှာ
အသက်ကြီးသော်လည်း
မရင့်ကျက်သေးကျွန်တော့်စိတ်
ကြောင့် ကလေးတစ်ယောက်လို
ပေါတောတောနေနေတာတွေကို
လှောင်ကြမှာ အရမ်းကြောက်ခဲ့မိပါတယ်။
အခုအားလုံပဲ ကျွန်တော့်အကြောင်း
သိသင့်သလောက် သိသွားလောက်ပါပြီ..
ဒါကြောင့်
အထင်သေးချင်လည်း သေးကြပါ။
အတင်းပြောချင်လည်း ပြောကြပါ။
မကောင်းပြောချင်လည်း ပြောကြပါ။
မုန်းချင်တဲ့သူလည်း မုန်းကြပါ။
ဒါပေမယ့်
ကျွန်တော့်ရှေ့မှာတော့ အထက်ပါ
ကိစ္စအကြောင်းအရာတွေကို
မပြောပေးကြပါနဲ့လားဗျ..
. ...ကျွန်တော့်က လောဘ၊ဒေါသ၊မောဟ
တွေ ကုန်စင်နေတဲ့..လူတစ်ယောက်
...မဟုတ်လို့ပါ။
(ကျွန့်တော့်ဘဝနဲ့ရင်းပြီး ရခဲ့တဲ့.
သင်ခန်းစာကို စာဖတ်သူတို့လွယ်လွယ်
လေးရလို့ တန်ဖိုးမထားပဲနေလိမ့်မယ်
လူအများက သိသိရက်နဲ့မိုက်နေကြလို့ပဲ)
(အလိမ္မာစာမှာ ရှိ၊ သို့သော်
ကျောင်းစာမှာ မရှာနဲ့)