အားလပ်ချိန်မှာလုပ်သင့်တဲ့ အကျိုးရှိတဲ့နည်းလမ်းများ
လူတစ်ယောက်ကအလုပ်တွေနဲ့ တစ်နေကုန်ရှုပ်နေတတ်သလို တစ်ခါတစ်လေကျရင်လည်း ဘာမှလုပ်စရာ မရှိပဲ အားနေတတ်ပါတယ်။
၁။ စာဖတ်ခြင်း
ဒါဟာ တန်ဖိုးနည်းပြီး သင့်အတွက် အကျိုးများစေမယ့် နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်။ နည်းပညာခေတ် ဖြစ်တဲ့အတွက် အင်တာနက်ကနေ သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ၊ စာအုပ်တွေကို ဖတ်ရှုနိုင်သလို စာအုပ်စတိုးတွေနဲ့ စာကြည့်တိုက်တွေမှာလည်း သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။
၂။ စာရေးခြင်း
သင့်အနေနဲ့ အလုပ်မရှိပဲ အားလပ်နေတဲ့အချိန်တွေမှာ သင့်ရဲ့ အမှတ်တရအကြောင်းအရာတွေကို ပြန်လည် ရေးသားတာပဲဖြစ်ဖြစ် ၊ သင့်ရဲ့ ဘ၀အကြောင်းကို ရေးသားတာပဲဖြစ်ဖြစ် ၊ သင့်စိတ်ထဲမှာ တွေးတော စဉ်းစားမိတာတွေကို ရေးသားကြည့်ပါ။ ဒါဟာ သင့်အတွက် စာရေးတဲ့အလေ့အထကို ဖြစ်စေပြီး အားလပ်နေတဲ့ အချိန်တွေကို သင့်အတွက် အကျိုးရှိစေပါတယ်။
၃။ လမ်းလျှောက်ခြင်း
ဒီနည်းလမ်းကလည်း သင့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်ကို လတ်ဆတ်နေစေမှာဖြစ်ပြီး ပျော်ရွင်မှုကို ခံစားရစေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ပန်းခြံလိုနေရာမျိုးတွေကို သွားလာသင့်သလို အိမ်အနီးဝန်းကျင်မှာလည်း လမ်းလျှောက်အပန်းဖြေမှုတွေ ပြုလုပ်သင့်ပါတယ်။
၎။ ဓာတ်ပုံရိုက်ကူးခြင်း
ဒါဟာတန်ဖိုး အရမ်းကြီးမားတဲ့ ကင်မရာတွေရှိဖို့မလိုပဲ လက်ရှိ အသုံးပြုနေတဲ့စမတ်ဖုန်းတွေနဲ့ပဲ ပြုလုပ်နိုင်ပါတယ်။ သင့်အနေနဲ့ စမတ်ဖုန်းကို အသုံးပြုပြီး လှပတဲ့ဓာတ်ပုံတွေကို ရိုက်ကူးပုံဖော်နိုင်ပါတယ်။ ဒါဟာသင့်အတွက် ဓာတ်ပုံအယူအဆတွေ တိုးတက်စေမှာဖြစ်သလို အသုံးဝင်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ အချိန်မှာ ဓာတ်ပုံတွေကို ရောင်းချနိုင်တဲ့ အခွင့်အလမ်းလည်းရရှိမှာဖြစ်ပါတယ်။
၅။ သီချင်းဆိုခြင်း
လူတိုင်းဟာ သူတို့ကြိုက်နှစ်သက်တဲ့သီချင်းတွေကို သီဆိုဟစ်ကြွေးကြလေ့ရှိပါတယ်။ သင့်အနေနဲ့လည်း အားလပ်တဲ့အချိန်မှာ နှစ်သက်တဲ့သီချင်းကို သီဆိုနေနိုင်ပါတယ်။ ဒါဟာ သင့်ရဲ့ အသံစွမ်းအားတိုးတက်စေ မှာဖြစ်သလို စိတ်အပန်းပြေမှုကိုလည်း ခံစားရစေမှာဖြစ်ပါတယ်။
Written..@linkhant
Photo..Google