Health

Words
98
Reading
1 min
8y
Listen to this post
~1 min

သကြား စားခြင်းရဲ့ ဆိုးကျိုးတွေ
image
လူသားတို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ သကြားက အမြဲပါလေ့ရှိတဲ့ အရာဖြစ်ပါတယ်။

သကြားစားသုံးခြင်းကြောင့် လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိတာတွေရှိသလို အန္တရာယ်ဖြစ်စေတာတွေ လည်းရှိပါတယ်။ ဒီတစ်ခါမှာတော့ သကြားစားသုံးမှုကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကို တင်ပြပေးချင်ပါတယ်။

၁။ အရေပြားအိုမင်းမှုကို လျင်မြန်စေခြင်း

သကြားဟာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းတွေနဲ့ အပြန်အလှန်ဓာတ်ပြုတဲ့အတွက် အရေပြားခြောက်သွေ့ခြင်း ၊ အရေးအကြောင်းဖြစ်ပေါ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ တစ်ဖန် ဓာတ်ပစ္စည်းအသစ်တွေကို ထပ်မံထုတ်လုပ် တဲ့အတွက် အရေပြား အိုမင်းရင့်ရော်ခြင်းကို အကြောင်းဖန်စေပါတယ်။

၂။ အသားအရေရောင်ရမ်းမှုမြင့်မားစေခြင်း

သကြားဟာ ခန္ဓာကိုယ်ရဲ့ အရေပြားရောင်ရမ်းမှုတွေကို ဖြစ်ပွားစေပါတယ်။ အဓိကအနေနဲ့ ၀က်ခြံထွက်ခြင်း ၊ အရေးအကြောင်းဖြစ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် တခြားရောဂါတွေ ဖြစ်ပွားနိုင်မှုရာခိုင်နှုန်း ကိုလည်း မြင့်မားစေပြီး အဆစ်ရောင်ရောဂါလိုမျိုး ရောဂါတွေကို ဖြစ်ပွားစေပါတယ်။

၃။ နှလုံးရောဂါဖြစ်ပွားစေခြင်း

၂၀ ရာစုကာလမှာ သကြားဟာ လူတွေထက် တိရစ္ဆာန်တွေကို ဒုက္ခပေးမှု ပိုနည်းပေမယ့် ၂၁ ရာစု မှာတော့ ဒီအခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။ လေ့လာမှုတွေအရ သကြားဟာ နှလုံးကို ဒုက္ခပေးတဲ့ ကိုလက်စထရောကို ပိုမိုတိုးမြှင့်စေပါတယ်။ သွေးကြောနံရံတွေကိုလည်း ဖျက်ဆီးလေ့ ရှိပါတယ်။

၎။ စိတ်မတည်ငြိမ်မှုဖြစ်စေခြင်း

လေ့လာမှုတွေအရ သကြားဟာ စိတ်ဓာတ်ကျဆင်းမှုကိုလည်း ဖြစ်ပွားစေပါတယ်။ သကြားဟာ BDNF ဟော်မုန်းကို ပိုမိုကျဆင်းစေတဲ့အတွက်ဖြစ်ပါတယ်။စိတ်ဓာတ်ကျဆင်းခြင်း ၊ စိတ်ကစဥ့်ကလျား ဖြစ်ခြင်းတွေကို ဖြစ်ပွားစေပါတယ်။ ဒါ့အပြင် စိတ်ပူပန်ခံစားရမှုတွေကိုလည်း ပိုမိုတိုးမြှင့်စေတတ်ပါတယ်။

Written..linkhant@linkhant
Photo..Google

Health | Ecency