Connection

Words
95
Reading
1 min
Listen
Play
8y

လူမှုကွန်ရက်တွေက သမီးရည်းစား ဆက်ဆံရေးအတွက် အဆင်ပြေတဲ့နေရာ တစ်ခုလား?
image
တချို့စုံတွဲတော်တော်များများက သူတို့နှစ်ဦးဆက်ဆံရေးအကြောင်းကို တကယ်ပျော်လို့ပဲဖြစ်စေ တကယ်ပျော်ရွှင်ရတာမဟုတ်တဲ့ အခြေအနေတွေမှာတောင် လှုမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတင် တတ်ကြပါတယ်။

နှစ်ယောက်သားမတည့်တော့ဘူးဆိုရင်လည်း အဆင်မပြေတဲ့အကြောင်းကို တခြားနည်း လမ်းနဲ့အဖြေရှင်းမယ့်အစား လူမှုကွန်ရက်တွေမှာထပ်တင်ပြီး အွန်လိုင်းပေါ်မှာ ရန်တွေဖြစ်ကြပြန်ပါတယ်။ ချစ်သူတွေဖြစ်သွားကြတဲ့ အခါ ခိုင်မာတဲ့အချစ်ခရီးဖြစ်စေဖို့ ကိုယ်ရဲ့အကြောင်းတွေကို လူမှုကွန်ရက်တွေမှာ တင်တာထက် ဒါတွေသိပ်အသုံးမပြုဘဲ တစ်ယောက်ယောက်နဲ့တစ်ယောက်ကြား ကောင်းမွန်တဲ့ဆက်ဆံ ရေးဖြစ် စေဖို့ပဲ အဓိကလုပ်ဆောင်သင့်ပါတယ်။

ချစ်သူစုံတွဲတွေက သူတို့အသုံးပြုနေတဲ့လူမှုကွန်ရက်တွေမှာ သုတို့နှစ်ယောက်ကြားကဆက်ဆံရေး အဆင်ပြေကောင်းမွန်နေတယ်ဆိုပြီးတင်နေပေမယ့်လည်း တကယ်တမ်းကျတော့သူတို့ကြားမှာ ကတောက်ကဆ တွေဖြစ်နေကြတာပါ။ ဒီလိုဘာကြောင့်တင်တာလဲဆိုရင် သူတို့ရဲ့အချစ်ရေးကအပြင်မှာ အဆင်သိပ်မပြေပေမယ့်လည်း လူမှုကွန်ရက်မှာရှိတဲ့မိတ်ဆွေတွေက သူတို့တင်လိုက်တဲ့စာတွေ၊ ဓာတ်ပုံတွေကို သဘောကျ ကြောင်း Comments တွေနဲ့သူတို့သဘောကျကြောင်း Likes တွေကိုရချင် မြင်ချင်လို့ သက်သက်တင် နေကြတဲ့သူတွေ လည်းရှိပါတယ်။ တချို့ကြတော့လည်း သူ့ချစ်သူက သူ့ကို အသိအမှတ်ပြုတယ်ဆိုတဲ့အကြောင်း လူတွေသိစေချင်လို့ တင်ကြတာတွေရှိပါတယ်။ ကိုယ့်ချစ်သူဆီက တကယ်အသိမှတ်ပြုတာခံချင်တယ် ဆိုရင် လူမှုကွန်ရက်တွေမှာ တင်နေမယ့်အစား တစ်ယောက်ကို တစ်ယောက်စကားနဲ့ ပြောလိုက်တာက ပိုပြီးတော့ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ချစ်သူနဲ့အဆင်မပြေဖြစ်နေတဲ့ အကြောင်းတွေကို လူမှုကွန်ရက်တွေမှာတင်မိတဲ့အခါ ကိုယ့်ကိုသဘောမကျတဲ့ သူတွေ၊ မကြိုက်တဲ့လူတွေက ကိုယ့်ရဲ့အချစ်ရေးမှာဝင်ရောက်ပြီး နှောက်ယှက် လာနိုင်သလို ၊ လူတွေရဲ့ပါးစပ်မှာလည်း ကဲ့ရဲ့စရာ အတင်းပြောစရာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အချစ်ရေး အဆင်ပြေချင်ရင် ချစ်သူနဲ့ပတ်သက်တဲ့စိတ် ခံစားချက်တွေကို အများရှေ့မှာဖွင့်ထုတ် လိုက်တာမျိုးမလုပ်ပဲနဲ့ လူမသိအောင်နှစ်ယောက်သား တိုင်ပင်ဆွေးနွေးတာအကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

Written..linkhant@linkhant
Photo..Google

Connection | Ecency