ဝါးစိုက်ပျိုးရေးနှင့် ကြံစိုက်ပျိုးရေးနည်းပညာသင်တန်းဖွင့်ပွဲကို အောက်တိုဘာလမှာပြုလုပ်ခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဋ္ဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူး ဦးကျင်မောင်က ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားပြီး ဝါးစိုက်ပျိုးရေးနှင့် ကြံစိုက်ပျိုးရေးထုတ်လုပ်ရာမှာ တောင်သူများအတွက် အကျိုးစီးပွားဖြစ်ထွန်းသော သန်တန်းဖြစ်၍ သင်တန်းမှ ပို့ချပေးသော စိုက်ပျိုးနည်းပညာများကို စနစ်တကျလေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးသော နည်းပညာများကို အခြေခံ၍ လက်တွေ့စိုက်ပျိုးရာတွင်း စိုက်ခင်းများတွင် အသုံးချနိုင်အောင် တောင်သူများထံသို့ ဆက်လက်ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်းတို့ကိုဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဒေါ်လွင်လွင်ထွန်းက သင်တန်းဆိုင်ရာများမှာကြား၍ သင်တန်းတွင် ဒေါက်တာဒေါ်မျိုးမျိုးကြည်နှင့် ဒေါ်သီတာလွင်တို့က ဝါသီးနှံစိုက်ပျိုးနည်းပညာများကို လည်းကောင်း၊ ဒေါ်ဥမ္မာစိုးက ကြံစိုက်ပျိုးနည်းပညာများကိုလည်းကောင်းသင်ကြားပို့ချမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ၅ ရက်ခန့်ကြာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ချန်ပီယံလိဂ် အုပ်စုပွဲစင်အဖြစ် နာပိုလီအသင်းသည် မန်ချက်စတာစီးတီးအသင်းကို နှစ်ဂိုး၊တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် နာပိုလီနည်းပြ ဆာရီက မန်ချက်စတာစီးတီးအသင်းသည် စပိန်လာလီဂါကလပ် များဖြစ်သည့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာအသင်းတို့လို အဆင့်မျိုးသို့ရောက်ရှိနေပြီဖြစ်ကြောင်း ချီးကျူးစကားပြောကြားသည်။ မန်ချက်စတာစီးတီးအသင်းအတွက် သွင်းဂိုးများကို စတာလင်နှင့် ဂါဘရီဂျီးဆပ်တို့က အသီးသီးသွင်းယူပေးခဲ့ကြသည်။