သူ့ဘက်ကပြုပြင်သင့်တဲ့အရာတွေကို ပြုပြင်ခဲ့ပီး ကိုယ့်ဘက်ကလည်းပြုပြင်သင့်တဲ့အရာတွေကိုပြုပြင်ခဲ့တယ်။အဲ့ဒီနောက်မှာတော့ နှစ်ဘက်မိဘတွေကိုဖွင့်ပြောခဲ့ပီး လက်ထပ်ဖို့အတွက် ပြင်ဆင်ခဲ့တယ်။အိမ်မှာပေါ့ပေါ့ပါးပါးနေခဲ့တဲ့ကိုယ့်ကို ကိုယ့်အဖေကတော့ အိမ်ထောင်ပြုဖို့အတွက်စိတ်မချခဲ့ဘူးထင်ပါတယ်။လွယ်မယောင်နဲ့ခက်တာ အိမ်ထောင်ရေးပဲလို့ ပြောပြခဲ့ပီး ဒီလူနဲ့ဘဲလက်ထပ်တော့မယ်လို့စိတ်ကူးပီးသွားပီဆိုရင် အရင်ဆုံးပြင်ဆင်သင့်တာကတော့ အဲဒီလူနဲ့ပတ်သတ်ပီး ကိုယ်မကြိုက်တဲ့အရာတွေရှိရင်တောင် သည်းခံတတ်ဖို့ အရင်ကြိုးစားပါတဲ့လေ။
အဲဒီအချိန်တုန်းကတော့ ကိုယ်ချစ်တဲ့သူနဲ့နီးစပ်ဖို့ကိုပဲ စိတ်ထဲမှာရှိတာမို့ ကျန်တာတွေကိုဘာမှမတွေးချင်ခဲ့ဘဲ ပျော်စရာတွေကိုပဲ တွေးမိခဲ့တယ်။စစချင်းမှာအဆင်မပြေရှိခဲ့ရင်လည်း ကြာလာရင်တော့ သူ့အကြိုက်ကိုယ့်အကြိုက်လိုက်ရင်း တစ်ဖြည်းဖြည်းအဆင်ပြေသွားမှာပါ အဖေကြီးက စိတ်ပူတာတွေများနေတာပဲဖြစ်မှာပါလို့ စိတ်ထဲကလည်းထင်ခဲ့မိတယ်။
ဒီလိုနဲ့ နှစ်ဘက်မိဘရဲ့သဘောတူညီမှုနဲ့ ကိုယ်တို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကို အစပြုခဲ့ကြတယ်ပေါ့။လူကြီးတွေကတော့ ကိုယ်တို့မင်္ဂလာဆောင်ကို ကိုယ့်တို့နှစ်ယောက်အကြိုက်စီစဉ်ကြ ကျွေးဖို့မွေးဖို့ကိစ္စကိုပဲသူတို့စီစဉ်မယ်လို့ပြောခဲ့ကြတယ်။လူကြီးတွေမပါဘူးဆိုတော့ ကိုယ်တွေအကြိုက်ပဲပေါ့။
ဒါပေမယ့်လည်း မင်္ဂလာဆောင်အတွက်စပီးစီစဉ်တဲ့နေ့မှာပဲ သဘောထားကစပီးကွဲလွဲခဲ့တယ်။ကိုယ်ကသူများတွေလို pre welding ဓါတ်ပုံလေးရိုက်ရအောင် မင်္ဂလာဆောင်နေ့ကြရင် ဧည့်သည်တွေဧည့်ခံနေတာနဲ့ ပုံကောင်းကောင်းမရဘဲဖြစ်မယ်ဆိုတဲ့စိတ်နဲ့ပေါ့။အဲ့ဒီမှာပဲ ငတိကမရိုက်ချင်ပါဘူး ရှက်စရာကြီးတဲ့လေ။ကိုယ်ကလည်းမဖြစ်မနေရိုက်မယ်ဆိုပီး အတင်းအကျပ်ပြောတော့မှ ရန်ကုန်အထိတော့ သွားမရိုက်ဘူး ဒီနားမှာနီးနီးနားနားရှိတဲ့ဆိုင်မှာပဲရိုက်မယ်ဖြစ်ပါလေရော။
photo credit by facebook
အဲဒီအထိတော့အဆင်ပြေပါသေးတယ် လက်စွပ်ပုံစံရွေးတဲ့နေ့ကျမှ ပြသနာကစတာပါ ကိုယ်ကကိုယ်ကြိုက်တဲ့ပုံကို fb ကရွေးထားပီးသားဆိုတော့ သူလည်းကြိုက်မယ်ထင်ပီး ရွှေဆိုင်မှာကိုယ်ကြိုက်တဲ့ပုံကိုပြပီး သူ့ကိုဘာမှထပ်မမေးတော့ပဲ လက်တိုင်းပဲတိုင်းခဲ့မိတယ်။လက်စွပ်သွားဝယ်ပီး ပြန်လာတဲ့လမ်းတစ်လျှောက်လုံး သူ့မျက်နှာကြီးစူပုပ်နေတာကို သတိထားခဲ့မိပေမယ့် ဘာမှမမေးဘဲ အိမ်အထိရောက်အောင်ကိုယ်တို့ပြန်လာခဲ့ကြတယ်။သူတို့အိမ်ရောက်တဲ့အချိန်ကြမှ သူ့အမေကအဖြေကိုပြောပြခဲ့တယ်။သူ့သားကဒီလိုလက်စွပ်ပုံစံမျိုးကို မကြိုက်ဘူးတဲ့လေ။
အဲဒီအချိန်မှာတော့ ကိုယ့်အဖေပြောဖူးတဲ့စကားကို နားထဲမှာကြားယောင်လာတယ် ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ရိတ်သိမ်းရမှာပဲ ဆိုတာကိုပေါ့။အိမ်ထောင်သက်တစ်နှစ်အတွင်းမှာတော့ ကိုယ်တို့နှစ်ယောက်ပြသနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက်နဲ့ လုံးလည်ချာလည်လိုက်နေခဲ့တယ်။အဲဒီအချိန်မှာကိုယ်နည်းနည်းတော့ စိတ်ပူသွားခဲ့မိတယ် ဒီပုံမျိုးနဲ့ဆိုနောက်နှစ်တွေအများကြီး ဘယ်လိုများကျော်ဖြတ်ကြမှာလဲလို့ပေါ့။
ဒါပေမယ့်လည်း ကိုယ့်အတွေးတွေလွန်နေခဲ့တယ်ဆိုတာကို အိမ်ထောင်သက်တစ်နှစ်ကျော်လာတဲ့အချိန်မှာတော့ ကိုယ်နားလည်လာခဲ့တယ်။အိမ်ထောင်သက်တစ်နှစ်ကျော်အတွင်းမှာ ကိုယ်တို့နှစ်ယောက်စိတ်တူသဘောတူ ဆုံးဖြတ်နိုင်ခဲ့တဲ့အရာကတော့ ကလေးလေးတစ်ယောက်ပိုင်ဆိုင်ချင်ခဲ့တာပါ။
@leeshang
MSC -230