History of SRK

Words
147
Reading
1 min
8y
Listen to this post
~1 min

ရွတ်ခန်း (အင်္ဂလိပ်: Shah Rukh Khan ၊ ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် Shahrukh Khan အဖြစ် မွေးဖွားခဲ့ ၊ မြန်မာလို ရှရွတ်ခန်၊ ရှာရွတ်ခန်း၊ ရာရွတ်ခန် စသည်ဖြင့် အမျိုးမျိုး စာလုံးပေါင်းကြ) သည် ကမ္ဘာကျော် အမျိုးသား ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူ့ကို SRK ဟူ၍လည်း သိကြပြီး ၊ အိန္ဒိယလူမျိုး ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူနှင့် ရုပ်မြင်သံကြားတွင် နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်သည်။ မီဒီယာများက ရှရွတ်ခန်း ကို "ဘောလီးဝုဒ်၏ အရှင်သခင်"၊ "ဘောလီးဝုဒ်၏ ဘုရင်" နှင့် "ဘုရင်ကြီး ခန်း" စသည်ဖြင့် သုံးနှုန်းဖော်ပြကြသည်။ ရှရွတ်ခန်းသည် ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားပေါင်း ၈၀ ကားအထက်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ ဖလင်ဖဲရ်ဆု (Filmfare Awards) ၁၄ ဆု အပါအဝင် ချီးကျူးဂုဏ်ပြုမှုများ၊ ဆုပေါင်း အမြောက်အမြားကို လက်ခံရရှိခဲ့သည်။ ရှရွတ်ခန်းသည် ထူးချွန်ဆုပေါင်း ၂၇၀ ကျော် ရရှိထားသူလည်း ဖြစ်သည်။ ရှရွတ်ခန်းသည် ကမ္ဘာအနှံ့တွင် နေထိုင်ကြသော အိန္ဒိယလူမျိုးများနှင့် အာရှမှ ပရိသတ်များ၏ အရေးပါသော အားပေးမှုများကို ရရှိခဲ့သူလည်း ဖြစ်သည်။ သူသည် သူ၏ ပိုင်နိုင်ကောင်းမွန်လှသော သရုပ်ဆောင်ချက်များ၊ အားပေးကြသော ပရိသတ်များစွာနှင့် ရရှိသော ဝင်ငွေ စသည့်အချက်တို့ကြောင့် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသော ရုပ်ရှင်အနုပညာ ကြယ်ပွင့်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ရှရွတ်ခန်း
မွေးဖွား
ရှရွတ်ခန်း (Shahrukh Khan)
နိုဝင်ဘာ ၂၊ ၁၉၆၅ (အသက် ၅၂)
နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံ[၁]
ဌာနေ
ဘန်ဒရာ၊ မွမ်ဘိုင်းမြို့၊ မဟာရရှ်တရာ ပြည်နယ်၊ အိန္ဒိယနိုင်ငံ
နိုင်ငံလူမျိုး
အိန္ဒိယလူမျိုး
ပညာရေး
ဟန်စရာ့ဂျ် ကောလိပ်၊ ဒေလီ တက္ကသိုလ် [၂]
အလုပ်အကိုင်
ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ထုတ်လုပ်သူ၊ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ
တက်ကြွလှုပ်ရှားနှစ်များ
၁၉၈၈ ခုနှစ် - လက်ရှိအချိန်အထိ
အိမ်ထောင်ဖက်(များ)
ဂေါ်ရီ ခန်း (m. 1991)
သားသမီး
၃ ဦးShahrukh_interacts_with_media_after_KKR's_maiden_IPL_title.jpg
ShahRukh_Khan_Sgnature_transparent (1).png

History of SRK | Ecency