အောင်မြင်ကြီးပွားနေသူများကို မြင်တွေ့ရတဲ့အခါ သူတို့အကြောင်းတွေကို ဖတ်ရတဲ့အခါ လူအများစုက ခုလိုတွေးတတ်ကြတယ်။ ဒီလူတွေများ ကံကောင်းလိုက်ကြတာကွာ။ သူတို့ဟာ နေ့ချင်းညတွင်းချင်းကို ကြီးပွားသွားကြတယ်။ မရိုးမသားလုပ်ပြီး ကြီးပွားသွားသူတွေကလွဲရင် ရိုးရိုးသားသားနဲ့ကြိုးစားပြီး အောင်မြင်ကြီးပွားသူတွေဟာ နေ့ချင်းညတွင်းချင်းအောင်မြင်သွားသူဆိုတာ မရှိပါဘူးအဲဒီလို သင်ထင်နေရင်တော့ အဲဒီအထင်အမြင်ကို မေ့ပစ်လိုက်ပါ..
အဲဒီအောင်မြင်ကြီးပွားလာသူတိုင်းဟာ နှစ်ပေါင်းများစွာကြိုးစားခဲ့ကြပြီး အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရင်းနဲ့ နောက်ဆုံးကျမှ အောင်မြင်သွာ
ကမ္ဘာကျော်ဟယ်ရီပေါတားဝတ္ထုတွေရေးခဲ့တဲ့စာရေးဆရာမ။ သူမဟာ တခုလပ်၊ ကလေးတယောက်အမေ၊ လက်ထဲမှာ စားစရာတောင်ပိုက်ဆံမရှိတဲ့အချိန်။ ပထမဆုံးဟယ်ရီပေါ်တာဝတ္ထုကို ကွန်ပြူတာမသုံးနိုင်လို့ လက်နှိပ်စက်အဟောင်းလေးနဲ့ စာမူကို ရိုက်ခဲ့ရတယ်။ သူ့စာမူကို စာအုပ်ထုတ်ဝေသူတွေဆီ လိုက်ပြတယ်။ ထုတ်ဝေသူပေါင်း တဒါဇင်က ပုံနှိပ်ထုတ်ဝေဖို့ ငြင်းပယ်ကြတယ်။ တနှစ်ကြာမှ Bloomsbury စာအုပ်တိုက်က ထုတ်ဝေဖို့ သဘောတူပြီး ထုတ်ဝေဖြန့်ချိလိုက်တယ်
သူမရဲ့ဟယ်ရီပေါ်တာဝတ္ထုတွေဟာ သန်းပေါင်းများစွာ ရောင်းချနေရပြီး သူမလဲ ဘီလျံနာချမ်းသာသူတယောက်ဖြစ်လာခဲ့တယ်..
Crd by @laminmin