ရင်နင့်ကြွေ(9)

kyi(56)
Published in
#myanmar
Words
301
Reading
2 min
Listen
Play
8y

ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅

ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(4)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(5)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(6)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(7)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(8)အား ဖတ်ရူပါရန် Link✅

အပိုင်း (9)

images (18).jpeg
Source

ညဘက် ကောင်းကောင်း အိပ်မပျော်သဖြင့် ထိုင်းမှိုင်းနေသော စိတ်ဖြင့်သာ နှိုးထလာရလေသည်။ သူငယ်ချင်း နာရေး သွားပို့ပြီး ဘုန်းကြီး တရားနာပြီး ပြန်လာခဲ့သည်။ ဘုန်းကြီး တရားသံကြောင့် စိတ် အနဲငယ် အေးချမ်း လာသည်။ အိမ်ပြန်ရောက်တော့ ခင်ပွန်းသည် ဦးမောင်ဦးမှ ဖုန်းကို အကြိမ်များစွာ ခေါ်ထားသည်ကို တွေ့ရသဖြင့် ပြန်ခေါ်မိသည်။ ဖုန်း အကြိမ်ကြိမ်ခေါ်သော်လဲ မကိုင်ချေ။

missed-call-300x222.png
Source

ဒေါ်မိုမိုးတစ်ယောက် ယောက်ယက်ခတ် လျှက် ထိုင်ရမလို ထရမလို ဖြစ်နေလေသည်။

"မမိုးမိုး မမိုးမိုး”

"ဟေ ”

အသံကြားသဖြင့် ကြည့်လိုက်တော့ အကိုဖြစ်သူ၏ သမီး ဖြစ်နေသည်။

"အေး ဘာလဲ မာမာ”

"ဦးလေးမောင် ဖုန်းဆက်လာလို့”

"အေး အဲ့ဒါ ပြန်ခေါ်နေတာ မကိုင်လို့အေ”

"ကျုပ်တို့ဖုန်းလာခေါ်လို့ လာပြောတာ”

"အေး ဘာတဲ့တုံး..”

"ဟို....ဟို... မနေ့ညနေက ကျောက်ဖြူတိုင်ဆည်မှာ ပိုင်ရှင်မဲ့ မိန်းကလေး အလောင်း ပေါ်လို့တဲ့ အကျီအနီနက် ဆည်ဘောင်နားက ယင်းမာဖိနပ်အဖြူလေး တွေ့တယ်တဲ့ ကျောက်ဖြူတိုင်ကနေ အလုပ်ဆင်းတဲ့ သူတွေက ပြောပြလို့ ဦးလေးမောင် စိတ်ပူလို့ မမိုးမိုး ဆီ ဖုန်းဆက်တာ မမိုးမိုး မကိုင်လို့တဲ့ သူပြန်လာနေပြီတဲ့ အဲ့ဒါကြောင့် တော်ဖုန်းပြန်ခေါ်နေတော့ မသိတာနေမှာ..”

ဒေါ်မိုးမိုး တစ်ယောက် သူမ စကားကြားပြီး မိုက်ကနဲ ဖြစ်ရလေပြီ..။

images (2).png
Source

သမီးဖြစ်သူကိုနောက်ဆုံး ဘာအင်္ကျီနှင့် တွေ့တာပါလိမ့် အမြန် ပြန်စဉ်းစားလိုက်တော့ ဟုတ်တယ် အင်္ကျီအနီရောင်လေးပဲ..။ သမီးဖိနပ်တွေထဲ အပြေး အခန်းထဲ ဝင်ကြည့်တော့ သမီးစီးနေကြ ယင်းမာဖိနပ် အဖြူလေး မတွေ့..။

"သွားပါပြီ ငါ့သမီး ငါ့သမီး ”..ဟု သွေးရူးသွေးတန်းရွတ်ရင်း ရွာလူကြီး အိမ်သို့ဖိနပ်မပါပဲ အပြေးရောက်သွားရလေပြီ။
ရွာလူကြီး အိမ်ရောက်တော့

"ဦးလေးမြ ဦးလေးမြ ကျုပ်သမီး ပျောက်နေတာ ၂ရက် ရှိပြီ ဦးလေး အဲ့ဒါ ခု ကျောက်ဖြူတိုင်ဆည်မှာ မိနိးကလေးအလောင်း တွေ့တယ်ဆိုတော့ သွားကြည့်မလို့ ဘယ်လိုလုပ်ရမလဲ ဦးလေး လုပ်ပါအုံးတော်”

ငိုရင်း ပြောမိလေသည်။

"ဟာ မိုးမိုးရာ အစောထဲ က လာပြောရမှာကို ပေါ့တာဟာ မနေ့ညနေထဲက ရဲစခန်းက ငါတို့ရွာတွေဆီ ဖုန်းဆက် လာတယ် ရွာမှာ လူပျောက်ရှိမရှိကို နင်လာမပြောထားတော့ ငါလဲ မရှိပါဘူး ပြောလိုက်တာ နောက်မို့ဆို့ မနေ့ညနေထဲက ဟုတ်မဟုတ် ကြည့်လို့ရတယ်ဟ”

"ကျုပ်လဲ ဒီနေ့ လာပြောမလို့ပါတော် သမီး ကို သူ့ရည်းစားနဲ့ လိုက်သွားတယ်ထင်လို့ ဆက်သွယ်လာမလား စောင့်နေတာ ဦးလေးမြ ခု ကျုပ် ဘယ်လိုလုပ်ရမလဲ..”

"အေး အေး ခန ငါ ရဲစခန်း ဖုန်းဆက်လိုက်မယ် ...”

"ဟဲလို.. ဟုတ်ကဲ့ ရဲစခန်းကလားခင်ဗျာ့ ကျွန်တော် ကျော်ရွာက ရွာလူကြီး ပါ ရွာမှာမိန်းကလေး တစ်ယောက် ပျောက်နေတယ်လို့ ခုမှ လာ အကြောင်းကြားလို့ ကျွန်တော်တို့ ပိုင်ရှင်မဲ့ အလောင်းကို လာကြည့်ပါ့မယ် ခင်ဗျာ...”...

"ကဲ သွားရအောင် မိုးမိုး ခေါ်ချေ နင့်ယောက်ျားရောငါတို့ သွားကြရအောင်..ငါ ကျောက်လမ်းက စောင့်မယ်”

ဒေါ်မိုးမိုး အိမ်သို့ အပြေးပြန်ရောက်လာတော့ အိမ်၌ အမျိုး တချို့ နှင့် ဦးမောင်ဦး ပါ ပြန်ရောက်နေသည်ကို တွေ့ရလေသည်။

အကျိုးအကြောင်း ပြောပြပြီး အမျိုး တသိုက်နှင့် ရွာမှ ကူညီရေး အသင်းကား ခေါ်ပြီး ဆားလင်းကြီးမြို့ ရဲစခန်း သို့ ထွက်လာခဲ့လေသည်။

ဦးမောင်ဦးတစ်ယောက် ငူငူကြီးထိုင်လျှက် ဒေါ်မိုးမိုးမှ ငိုလျှက် ဘေးမှ တူမများက ဖြောင်းဖြလျက် ....

56446992-malheureuse-pleurer-vecteur-femme-pleurer-tristesse-fille-et-femme-pleurer-visage-mignon-visage-déprim.jpg
Source

"မမိုးမိုး ရယ် ကျုပ်တို့ ညီမ ဟုတ်ချင်မှ ဟုတ်မှာပါ တော် အာ့လောက် မတွေးပါနဲ့ ခုကြည့် သိရမှာပေါ့ကို..”

ရဲစခန်းရောက်တော့ ဆေးရုံ ရေခဲတိုက်ကို သွားလိုက်ပါ ဟု ဆိုသဖြင့် ရေခဲတိုက်ဆီသို့ ရောက်လာရလေသည်။

ရောက်လာတော့လည်း တံခါးဖွင့်မည်သူ မလာသေးသဖြင့် အတန်ကြာ စောင့်နေရလေသည်။
ကိုမောင်ဦး ကျုပ်တို့ သမီးဆိုရင် ဘယ်လိုလုပ်ကြမလဲတော်...ပြောရင်း....ငိုရင်း.....

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author kyi@kyi
Msc 050

ရင်နင့်ကြွေ(9) | Ecency