မနက်​ဖြန်​တိုင်းရဲ့..... 💜💜

kyi(56)
Published in
#myannar
Words
72
Reading
1 min
9y
Listen to this post
~1 min

imageချစ်​သွားခဲ့တယ်​..
မောင့်​ရဲ့ အပြုံး​လေး​တွေ
မောင်​နမ်းဖူးတဲ့ အနမ်း​တွေ
အမှတ်​ရ​နေရင်း
သစ္စာရှိရှိ ချစ်​​နေမယ်​..။
မောင်​လည်း ကိုယ့်​ကိုချစ်​မယ်​လို့
ယုံကြည်​ထားတယ်
တစ်​​ယောက်​ကိုတစ်​​ယောက်​ ယုံကြည်​စွာနဲ့
ရှေ့ဆက်​ချစ်​မယ်​..။
ယုံကြည်​ပါတယ်​ ​မောင်
တို့နှစ်​​ယောက်​အဖြစ်​က ချစ်​ရတစ်​ရက်
လွမ်းရက်​တစ်​ရာ အဖြစ်​မျိုးမလို့
ကိုယ်​လွမ်းလို့ ငိုမိတဲ့အခါ
မောင်​ ​ဖြေသိမ့်​​ပေးပါကွယ်​..။
ဆောင်းအမီ ​တွေ
ရာသီ​ပြောင်းချိန်​​တွေ မ​ပြောပါနဲ့ကွယ်
ကိုယ်​က အချိန်​တိုင်း သတိရ​နေသူမလို့
ကိုယ့်​ကို သတိရရင်
မောင့်​ ကိုယ့်​ကိုကိုယ်​ဂရုစိုက်​ပါ​နော်​..။
တွေ့ခွင့်​ရမဲ့ ​နေ့ရက်​ကို
လက်​ချိုး​ရေတွက်​ရင်းက
ကိုယ့်ရဲ့ပန်းတိုင်က ​မောင်​ဖြစ်​မှန်းမသိ
ဖြစ်​​နေခဲ့ရပီ..။
မနက်​ဖြန်​တိုင်းမာလဲ
လွမ်း​နေရအုံးမယ်
အလွမ်း​တွေက ​နေ့စဉ်​ရက်​ဆက်
အလွမ်း​တေ ငြိမ်းသက်​ဖို့
အနမ်းတွေ လိုအပ်​တယ်​ ​မောင်​..။
မနက်​ဖြန်တွေတိုင်း..
မောင့်​အချစ်​​တွေ အုပ်​မိုးထားသ​ရွေ့
ကိုယ်​အားမငယ်​ပါဘူး..။
ယုံပါကွယ်​...
အလျားအနံတွေ အသွားအပြန်​​တွေ
ကိုယ်​မသိပါဘူး ​မောင်​​ရေ...
ကိုယ်​သိတာက
မောင့်​ကို ချစ်​တယ်
လွမ်း​နေတယ်
တွေ့ခွင့်မဲ့ရက်တွေ လက်​ချိုး​ရေတွက်နေတယ်.....ဆိုတာ...။
image
Author :kyi@kyi
Photo :goggle image
MSC No:050

မနက်​ဖြန်​တိုင်းရဲ့..... 💜💜 | Ecency