Digital Marketing

Words
75
Reading
1 min
Listen
Play
9y

ဒစ်ဂျစ်တယ်မားကက်တင်း(Digital Marketing) လို့ဆိုလိုက်ရင် သာမန်လူအများစုက အင်တာနက်ကို အရင်ဆုံးပြေးမြင်တတ်ကြပါတယ်။

အမှန်ကတော့ ဒစ်ဂျစ်တယ်မားကက်တင်း(Digital Marketing) ဆိုတာ marketing လုပ်မဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေအတွက် ကို မိတ်ဆက်ကြော်ငြာဖို့ အတွက် ဒစ်တယ်နည်းပညာ အခြေခံပြီး ဖန်တီးအသုံးပြုခဲ့ရင် အင်တာနက်ပေါ်မှာ မဟုတ်ပေမဲ့လည်း အဲဒီ marketing ကို ဒစ်ဂျစ်တယ်မားကက်တင်းလို့ခေါ်ဆိုနိုင်ပါတယ်။

ဒစ်ဂျစ်တယ်မားကက်တင်းမှာ အခြေခံအားဖြင့်
(1) Offline Digital Marketing
(2) Online Digital Marketing ဆိုပြီးနှစ်မျိုးရှိပါတယ်။

Offline Digital Marketing ကတော့ ဒစ်ဂျစ်တယ် အီလက်ထရောနစ် နည်းပညာတွေကို marketing အတွက် သုံးပါတယ်။ ဒါပေမဲ့ အင်တာနက်မသုံးပါဘူး။
(ဥပမာ- ရေဒီယိုလိုင်း၊ တီဗွီိလိုင်း၊ကြော်ငြာဘုတ်ထောင်ခြင်း...)

Online Digital Marketing ကတော့ အများသိနေကြတဲ့အတိုင်း အွန်လိုင်းအင်တာနက်ပေါ်မှာ ဒစ်ဂျစ်တယ် အီလက်ထရောနစ် နည်းပညာတွေသုံးပြီးမားကက်တင်းလုပ်တာကိုခေါ်ဆိုပါတယ်။အဓိက
အားဖြင့်တော့ online ပေါ်က social media channel တွေပေါ်မှာ မားကက်တင်းလုပ်ဆောင်တာဖြစ်ပါတယ်။
online social media marketing လို့ လည်းခေါ်ဆိုနိုင်ပါတယ်။

Digital Marketing | Ecency