အတာ​ရေသဘင်

Words
260
Reading
2 min
Listen
Play
8y

အတာရေသဘင်ပွဲတော်လို့ လူသိများတဲ့ မဟာသင်္ကြန်ပွဲတော်က မကြာသေးခင်ကပဲ ကျင်းပပြီးစီးသွားပြီဖြစ်ပါတယ်။
အတာရေသဘင်ပွဲတော်ဟာ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေအနက် နှစ်သစ်ကူးအထိမ်းအမှတ်ပြုလုပ်တဲ့ပွဲတော်ဖြစ်သလို ရက်အကြာဆုံးပြုလုပ်တဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စတဲ့နိုင်ငံတွေမှာလည်း မဟာသင်္ကြန်နည်းတူ ရေသဘင်ပွဲတော်တွေကို နှစ်သစ်ကူးပွဲတော်အနေနဲ့ ဆင်နွှဲကြပါတယ်။ အခုတစ်ခါတင်ပြမှာကတော့ အရှေ့တောင်အာရှဒေသပြင်ပ နိုင်ငံတွေမှာ ပြုလုပ်လေ့ရှိတဲ့ ရေကစားပွဲတော်တွေအကြောင်းဖြစ်ပါတယ်။

၁။ Easter

ဥရောပတိုက်၊ မြောက်ဟန်ဂေရီဒေသမှာ ပြုလုပ်လေ့ရှိတဲ့ Easter ပွဲတော်မှာတော့ အမျိုးသမီးတွေကို ရေပက်တဲ့ အစီအစဉ်တစ်ခုကိုပါ ပြုလုပ်ကြလေ့ရှိတယ်လို့ သိရပါတယ်။ ဒီပွဲတော်ဟာ ခရစ်ယာန်တွေရဲ့ ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ပြီး ဧပြီလအစောပိုင်းမှာ ကျရောက်လေ့ရှိပါတယ်။ ဟန်ဂေရီမှာ ကျင်းပတဲ့ Easter ပွဲတော်မှာတော့ အမျိုးသမီးတွေဟာ ရိုးရာဝတ်စုံတွေနဲ့ အလှအပတွေ ပြင်ဆင်ပြီး ရေကစားပွဲတော်မှာ ပါဝင်ဆင်နွှဲကြတယ်လို့ သိရပါတယ်။

၂။ Vardavar

ဒါကတော့ အာမေးနီးယားနိုင်ငံမှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ အာမေးနီးယားနိုင်ငံအတွက် အရေးပါတဲ့ ရိုးရာရေကစားပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ ရေကစားခြင်းဟာ ချစ်ခင်နှစ်သက်သူတွေကို အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ အာမေးနီးယားပြည်သူတွေဟာ လမ်းမတွေပေါ်မှာ တစ်ဦးနဲ့ တစ်ဦးရေပက်ကာ ကံကောင်းခြင်းတွေ ဆောင်ကြဉ်းပေးကြလေ့ရှိပါတယ်။ ပွဲတော်ဆင်နွှဲသူတွေဟာ ပွဲတော်ကာလအတွင်း ငှက်တွေကို ဘေးမဲ့လွှတ်ပေးကြလေ့ရှိတယ်လို့လည်း သိရပါတယ်။
image
၃။ Seattle

ဒါကတော့ နွေရာသီကာလ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မှာ ပြုလုပ်လေ့ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်။ တေးဂီတသံစတင်တဲ့အခါ ထောင်နဲ့ချီတဲ့ ရေဘောလုံးတွေ ပေါက်ကွဲထွက်ပြီး ရေတွေ ပက်ဖြန်းပေးတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒါပွဲတော်ကို ချမ်းသာကြွယ်ဝသူတွေသာမက ဒေသတွင်းနေထိုင်တဲ့ ဆင်းရဲသားကလေးငယ်တွေလည်း ပါဝင်ကြလေ့ရှိပါတယ်။

၎။ Water Festival and Smoked Meat

ဒါကတော့ အမေရိကန်ပြည်ထောင်စု၊ San Juan Batista မှာ ပြုလုပ်လေ့ရှိတဲ့ပွဲတော်ဖြစ်ပါတယ်။ နှစ်စဉ် ဇွန်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်ကြလေ့ရှိပါတယ်။ ညဘက် ၁၂ နာရီကနေ စလို့ နောက်တစ်နေ့ မနက်ပိုင်းအထိ ရေပုံးတွေ၊ ရေသေနတ်တွေနဲ့ မြို့အနှံ့လှည့်လည်ဆော့ကစားကြလေ့ရှိပါတယ်။ ဘီယာတွေ၊ ရေတွေ၊ မီးရှုးမီးပန်းတွေကိုလည်း မြို့အနှံ့မှာ တွေ့ရှိရတယ်လို့ ဆိုကြပါတယ်။

အတာ​ရေသဘင်​ | Ecency