This content got low rating by people.

April အလွမ်း

Words
201
Reading
1 min
Listen
Play
9y

တကယ်ဆို သူနဲ့ ကျွန်တော် လမ်းခွဲပြီးတာ ၃လလောက်ပင် ရှိရော့မည်။
ခုထိတော့ ကျွန်တော် သူ့ကို မမေ့နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်တွဲလာကြတဲ့ နှစ်တွေကလည်း မနည်းဘူးလေ…။

မနည်းဆို သိပ်မကြာခင်ကျတော့မယ့် ၁၃၈၀ ခုနှစ် မဟာသင်္ကြန်မှာဆိုရင် ချစ်သူသက်တမ်း ၆ နှစ်တင်းတင်းပြည့်တော့မှာလေ။ သူနဲ့ ကျွန်တော်သာ လမ်းမခွဲခဲ့ကြသေးဘူးဆိုရင်ပေါ့…

သင်္ကြန်မှာတွေ့ သင်္ကြန်တွင်းမှာ ချစ်ကြိုက်ခဲ့ကြလို့လားမသိဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြိုက်ကြတဲ့ အစားအသောက်၊ အဝတ်အစားအရောင်၊ ရုပ်ရှင်၊ သီချင်း စတာတွေကလည်း သင်္ကြန်နဲ့ တစ်ခုမဟုတ် တစ်ခုတော့ ပတ်သက်နေတာချည်းပဲ။

အဲ… သူနဲ့ ကျွန်တော် လမ်းခွဲပြတ်စဲကြတာ ခု ပထမဆုံးအကြိမ်မဟုတ်ဘူး.. ကျွန်တော်တို့ ချစ်သူတွေဖြစ်ပြီး ၂နှစ်ပြည့်ကာနီးတုန်းကလဲ ဒီလိုပဲ အနေဝေးခဲ့ကြသေးတယ်။ အဲ့ဒီတုန်းကလည်း လမ်းခွဲခဲ့ရတာက သူ့အမတွေကြောင့်ပါ…။ အဲ့ဒီတုန်းကတော့ ကျွန်တော်တို့ အသက်တွေ ငယ်ကြသေးတော့ ကျွန်တော်တို့ ချစ်နေကြတာ သူ့အိမ်က သိပ်သဘောမတူချင်ဘူးထင်ပါတယ်။ သူ့ကို အိမ်ထဲက အိမ်ပြင်ပေးမထွက်တာ ဘာညာတွေ လုပ်တာပေါ့။ ကျွန်တော်တို့ကလည်း သင်္ကြန်တွင်းမှာတွေ့ချင်တော့ အမျိုးမျိုးကြံစည်ကြတာပေါ့…။ ဖြစ်ချင်တော့ တစ်နေ့လုံးလည်း သူ့အမတွေက မလစ်ဘူးလေ။ ကျွန်တော်ကလည်း သူနဲ့ လုံးဝမတွေ့ဖြစ်ပေမယ့် ကျွန်တော်သူ့ကို လာချောင်းနေကြောင်း၊ တွေ့ချင်ကြောင်း၊ သတိရနေကြောင်းက ပြချင်သေးတာ…။

ဒီလိုနဲ့ ညနေဖက်တိုင်း သူ့အိမ်ရှေ့ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်ဆိုသလိုပဲ စက်ဘီးတစ်စီးနဲ့ ခေါက်တုံ့ခေါက်ပြန် ဖြတ်ပြီး သီချင်းလေးပဲဆိုပြရတာပေါ့… အဲ့လို ဖြတ်သွားဖြတ်လာလုပ်တိုင်းလည်း ဆိုနေကြ သီချင်းက ၃ ပုဒ်ပဲ ရှိတယ်။ နောက် ဘယ်လိုဖြစ်လဲဆိုတော့ အဲ့သီချင်း ၃ပုဒ်ကြားရင်ကို ကျွန်တော် သူတို့ အိမ်ရှေ့ ဖြတ်လျှောက်နေပြီဆိုတာ သူ့အိမ်ကပါ ရိပ်မိတဲ့အထိပဲ…။

ဒီအကြောင်းအရာလေးတွေကို အခုလို နှစ်တွေကြာ၊ လမ်းခွဲပြတ်စဲပြီးတဲ့အထိ ကျွန်တော် မမေ့နိုင်ခဲ့ပါဘူး။ ဒီသင်္ကြန်သီချင်းလေး ၃ ပုဒ်ကလည်း ကျွန်တော့်အတွက်တော့ ချစ်သူ့လွမ်းချင်းလေးတွေလို့ ဆိုနိုင်တာပေါ့။

အခုချိန်မှာ ကျွန်တော် သူ့အိမ်ရှေ့ကနေ ခေါက်တုံ့ခေါက်ပြန်လျှောက် ချစ်သူ့လွမ်းချင်းလေးတွေ မဆိုဖြစ်တော့ပေမယ့် တယ်လီနောရဲ့ My Tune ကနေ ကျွန်တော့်ရဲ့ ချစ်သူ့လွမ်းချင်း သီချင်း ၃ပုဒ်ကို ရယူထားပြီး ကျွန်တော့်ချစ်သူများ ဖုန်းခေါ်လာမလားဆိုတာ စောင့်ဆိုင်းနေရပါတယ်ဗျာ…။

ခင်ဗျားတို့လည်း ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါလား…။

ကျွန်တော့်ရဲ့ ချစ်သူ့လွမ်းချင်းသင်္ကြန်သီချင်း ၃ပုဒ်ဖြစ်တဲ့ -

“မြူးကြွတဲ့တေးသံ ပျံ့လွှင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ” ဆိုတဲ့ သင်္ကြန်မိုးသီချင်းကို ၃၃၃ ကို MT 55516836 လို့ပေးပို့ပြီးပဲ ဖြစ်ဖြစ်၊

“ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေတာ မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင်ဗျာ..” ဆိုတဲ့သီချင်းကို ၃၃၃ ကို MT 5552245 လို့ပေးပို့ပြီးပဲဖြစ်ဖြစ်

“ဧပရယ် နွေအလယ်မှာရင်ခုန်ပျော်ရွှင်စရာဒီသင်္ကြန်... တစ်နှစ်တစ်ခေါက်ရောက်လို့လာ အားလုံးရဲ့နှစ်သစ်ချိန်မှာ” ဆိုတဲ့ မျိုးကြော့မြိုင် စိုင်းစိုင်း ငယ်ငယ် Lit ကောင်းမြတ် တို့ရဲ့ အမှတ်တရသင်္ကြန်သီချင်းကို ၃၃၃ ကို MT 5553283 ကို ပေးပို့ရယူပီးပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ချစ်သူ့လွမ်းချင်း သင်္ကြန်တေးသွားလေးတွေကို ကူဖွင့်ပေးထားပါလားဗျာ…။

အားလုံးဝိုင်းပြီး ကူညီပေးရင်တော့ ကျွန်တော့်ချစ်သူတစ်ယောက် ကျွန်တော့်ရဲ့ လွမ်းချင်းတွေကို ကြားပြီး ကျွန်တော့်ဆီ ပြန်လာကောင်းပါရဲ့လေ…

သင်္ကြန်အလွမ်းများနဲ့…. image

April အလွမ်း | Ecency